Chapter 4

2.9K 77 0
                                    

"ကိုယ့်အသက်ကသုံးဆယ်ကျော်ပြီဆိုတော့ ကိုယ်တို့ မြန်မြန်လက်ထပ်ကြရင် ကောင်းမယ်‌နော်"

ထိုလူက ကော်ဖီခွက်ကို တစ်ငုံပြီးတစ်ငုံသောက်နေရင်းမှပြောသည်။မြတ်ကိုက ထိုလူကော်ဖီသည်နေသည်ကို ကျေနပ်စွာတစိမ့်စိမ့်ထိုင်ကြည့်နေရင်းမှ ထိုလူ့စကားကြောင့် မျက်နှာလေး ချက်ချင်းတည်တင်းသွားကာ.....

"ခင်ဗျားကို ကျနော်လက်ထပ်ပါ့မယ်လို့ ဘယ်သူကပြောလဲ...ဒီမှာ ကိုကျော်သက်ပိုင်..ဒယ်ဒီက သဘောတူတိုင်း ခင်ဗျားကို ကျနော်ယူမယ်လို့ထင်နေတာလား"

ထိုလူစကားကြောင့် မြတ်ကို မခံချင်စွာ အသံလေးကျယ်သည်။မြတ်ကို အသံစူးစူးလေးကြောင့် ဘေးဝိုင်းက လူအချိူ့က မြတ်ကိုတို့ ဝိုင်းထံ လှည့်ကြည့်လှည့်ကြည့်လုပ်လာကြသည်။ထိုလူက လှည့်ကြည့်လာသည့်ဘေးဝိုင်းတွေကြောင့် ရှက်ရွံပုံဖြင့် မျက်နှာကြီးကိုလက်တစ်ဖက်ဖြင့် ကွယ်ဝှက်ကာ.....

"တိုးတိုးပြောပါကွာ"

"ကျနော့် အသံက အော်တို ကျယ်ပြီးသား..အသံမထွက်စေချင်ရင် ခင်ဗျား ကျနော့်ကို စကားလာမပြောနဲ့လေ...သောက်စရာရှိတာသောက်"

မြတ်ကို ရဲ့ အသံမာမာလေးကြောင့် ကျော်သက်ပိုင်ဆိုသည့် ထိုလူ့မျက်နှာ စိတ်ဆိုးဟန်ပြလာသည်။လူတိုင်းက အရေးပေးကာ လေးလေးစားစားဆက်ဆံကြသည့် သူ့ကို ဒီမလောက်လေးမလောက်စားကောင်လေးက ဟောက်စားလာလုပ်နေသည်။နောက်မှတွေ့မယ် မင်း!!။ကျော်သက်ပိုင်ရဲ့ စိတ်ထဲကြုံးဝါးနေမှုကို မသိပဲ မြတ်ကို က ကော်ဖီကိုသာ သောက်နေသည်။သောက်နေရင်း ရှေ့က လူကို အကဲခပ်ကြည့်နေသည်။မာမီ တစ်ခါတစ်လေ သောက်လေ့ရှိသည့် ဝမ်းနှုတ်ဆေးဘူးလေးကို သူ ဒီလူကြီးကိုပညာပြချင်သည့်အတွက်ခိုးယူလာခဲ့ရသေးသည်။မြတ်ကို ကော်ဖီခွက်ကုန်ခါနီးတွင် ထိုလူ ရုတ်တရက် မျက်နှာမဲ့ကာ ဗိုက်ကို အုပ်ကိုင်လာသည်။

"ခဏလေး‌...ကိုယ်တွိုင်းလစ်ဝင်အုံးမယ်"

"ကြွပါဗျာ"

ထိုလူက ပြောပြီးသည်နှင့်ဆိုင်အတွင်းဘက်ရှိ တွိုင်းလစ်ရှိရာထံသို့ အမြန်ပြေးသွားလေသည်။ထိုလူကြီးရဲ့ ဖြစ်ပျက်ပုံတွေကိုကြည့်ပြီး မြတ်ကို ရယ်ချင်စိတ်ကို ထိန်းမရ။ခဏကြာတော့ ရှုံ့မဲ့မဲ့မျက်နှာကြီးနဲ့ ခါးကိုင်းဗိုက်ဖိနှိပ်ကာ မြတ်ကို နားပြန်ရောက်လာသည်။

Falling in love with my husband (season 2)Tempat cerita menjadi hidup. Temukan sekarang