Chapter 29

2.2K 59 0
                                    


အခန်း   "29"



သူကို့ရုတ်တရက်ပြေးဖက်သည့် ကောင်လေးကို သော်ဇင်အလိုက်သင့်ပြန်ဖက်လိုက်သည်။မြတ်ကို မျက်နှာလေးက ပျော်ရွှင်ရိပ်တို့ထင်ဟပ်ကာပြုံးပျော်နေသည်။မြတ်ကို မျက်လုံးထဲ ဧည့်ခန်းထဲတွင် ထိုင်နေသည့် အဖေဖြစ်သူကို ဖြတ်ကျော်၍ လှေကားရင်းတွင်းရပ်နေသည့် သော်ဇင့်ကိုသာ မြင်ဟန်တူသည်။

"ကိုကို့အတွက် ဝမ်းသာစရာသတင်းရှိတယ်"

‌မြတ်ကိုက သော်ဇင့်ရင်ခွင်ထဲကနေ သော်ဇင့်မျက်နှာကိုမော့ကြည့်ကာ ပြုံးပြုံးလေးဆိုသည်။သော်ဇင်က မြတ်ကိုမျက်နှာလေးကို ငုံ့ကြည့်လာသည်။

"အင်း...ဘာများလဲ"

ထူးထူးဆန်းဆန်းပြောလာသည့် မြတ်ကို စကားကြောင့်   သော်ဇင် သိချင်နေသည့်တိုင် လေသံကတော့ပုံမှန်ပဲဖြစ်သည်။

"ကိုကို...ကျွန်တော်တို့ တကယ်ကလေးလေးရှိနေပြီတဲ့"

သော်ဇင့်မျက်နှာကို မော့ကြည့်ကာ အပြုံးရိပ်လေးနဲ့ ဆိုနေသည့် မြတ်ကို အသံက အနည်းငယ်တုန်ယင်နေသလိုပါ။စိတ်‌လှုပ်ရှားပျော်ရွှင်မှုကြောင့် မြတ်ကို မျက်ဝန်းအစုံထဲ မျက်ရည်ကြည်တို့ ရစ်ဝဲနေလျက်။ဒယ်ဒီ့ကို ကိုယ်ဝန်ရှိနေသည်ဟု ညာပြောရသည့်တိုင် ကိုကိုကတော့ ထိုစကားကို တကယ်ဟု သတ်မှတ်ထားသလား မဆိုတတ်။ကိုကို ကလေး အရမ်းလိုချင်နေခဲ့သည်ကို သူသိပါသည်။အတူနေပြီးတိုင်း ကလေးရဖို့ ကိုကို မျှော်လင့်နေခဲ့သည်ကို မြတ်ကို သိသည်။သူက ကိုယ်ဝန်ဆောင်နိုင်ဖို့ရာခိုင်းနှုန်း များသည့်တိုင် မြတ်ကို ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိခဲ့ပေ။ကိုကို့အတွက် ကလေးလေးမမွေးပေးနိုင်မှာ သူ စိုးရိမ်ခဲ့သည်။တစ်ယောက်တည်း အထီးဆန်စွာကြီးပြင်းခဲ့ရသည့် ကိုကို မိသားစုဘဝလေးဘယ်လောက်လိုချင်နေခဲ့သည်ကို သူ အသိဆုံး။အခုတော့ သူ စိုးရိမ်စိတ်တို့ ပြယ်ပျောက်ခဲ့ရပြီဖြစ်သည်။သူ ဗိုက်ထဲမှ ကလေးလေးရောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီတဲ့။

"တကယ်လား ကလေးလေး"

သော်ဇင် မြတ်ကို မျက်နှာလေးကို မယုံကြည်နိုင်သလိုကြည့်ရင်းမှ ချပ်ရပ်နေသော မြတ်ကို ဝမ်းဗိုက်လေးကို အကြည့်ရောက်ပြီး ထိုဝမ်းဗိုက်လေးထံ တုန်ယင်စွာလက်လှမ်းလာသည်။ဒီဗိုက်လေးထဲ တကယ်ပဲ ကလေးလေး ရောက်နေပြီလား။

Falling in love with my husband (season 2)Where stories live. Discover now