Chapter 16

2.6K 68 0
                                    

အခန်း 16

At Royal Hotel..

Hotel ‌စားသောက်ခန်းမ ထဲရှိစားပွဲအားလုံးတွင် ဝန်ထမ်းတွေအပြည့်ဖြစ်သည်။ဌာနအသီးသီးမှ ဝန်ထမ်းအားလုံးအပြင်သန့်ရှင်း‌ရေးစသည့် အောက်ခြေသိမ်း အလုပ်သမားတွေကိုပါ ဖိတ်ခေါ်ထားသည့်အတွက် လူဦးရေ ရာကျော်နီးပါးဖြစ်သည်။နေ တို့ မိသားစုက စားပွဲဝိုင်းတစ်ခုတွင်  ထိုင်နေကြလျက်ရှိသည်။

"‌ဆရာကတော်  နောက်ထပ်ရင်သွေးလေးအတွက် ဂုဏ်ယူပါတယ်ရှင်..တန်ဖိုးမကြီးပေမဲ့ ဒီလက်ဆောင်လေး ဆရာကတော် လက်ခံပေးပါနော်"

အရောင်းမန်နေဂျာ မမြတ်သူက ထိုင်နေသည့် ချမ်းနား ရောက်လာကာ လက်ဆောင်အိတ်လေး ကမ်းပေးရင်းဆိုသည်။သူမက ချမ်း မျက်နှာအားမဝံ့မရဲ ခိုးကြည့်နေလေသေးသည်။လှလိုက်တာ။အနီးကပ်မြင်ရမှ ဆရာကတော်က အပြစ်ဆိုစရာမရှိအောင် ချောရက်သည်။ဖြူဖြူနုနုမျက်နှာလေးက ချွေးပေါက်ကျဉ်းကျဉ်းလေးတစ်ပေါက်တောင်မမြင်ရဘဲ ချောမွေ့နေသည်။အနီရောင်သမ်းနေသည့် နှုတ်ခမ်းစိုအိအိလေးနဲ့။သူမတို့ ဘော့စ်ကြီး သဲသဲလှုပ်လှုပ်ဖြစ်လည်းဖြစ်ချင်စရာပင်။အခုလည်း ကြည့်အုံး။တခြားသူတွေနဲ့ စကားပြောနေရင်းတောင် ဘော့စ်က ဆရာကတော်လက်ကို ဆုပ်ကိုင်ထားသေးသည်။

လက်ဆောင်ကမ်းပေးကာ ဆိုလာသည့် ထနုအမျိူးသမီးချမ်း မျက်လုံးလေးဝိုင်းသွားရသည်။မဟုတ်မှလွဲရော ဝန်ထမ်းအားလုံး သူ ကိုယ်ဝန်ရှိနေကြောင်း သိနေကြတာလား။မောင်က သူ့ဝန်ထမ်းတွေကို ကြေညာထားတာလား။လက်ဆောင်တွေ အထိပါ ပေးလာသည်မို့ ချမ်း အားနာသွားရကာ....

"အားနားစရာတွေဖြစ်ကုန်ပြီ...မပေးပါနဲ့"

ချမ်းက အားတုံ့အားနာဟန်လေးဖြင့် ဆိုလာတော့ ထိုအမျိူးသမီး က ....

"အိုး..ဆရာကတော် အဲလိုမပြောပါနဲ့..ကျွန်မတို့ဘော့စ်ရဲ့ရင်သွေးလေးက ကျွန်မတို့ သခင်လေးပဲပေါ့...လက်ခံပေးပါရှင်"

ဆိုရင်း ချမ်း ထံ လက်ဆောင်အိတ်လေးကို ထပ်တိုး ကမ်း ပေးလာသည်မို့ ချမ်း မယူ၍ မကောင်းတော့ပေ။ချမ်း လက်ဆောင်အိတ်လေးအား အပြုံးဖြင့် လက်ခံယူလိုက်သည်။

Falling in love with my husband (season 2)Tahanan ng mga kuwento. Tumuklas ngayon