Chapter 7

3K 74 0
                                    

ဖြာခနဲကျလာသည့်မီးရောင်ကြောင့် သော်ဇင်မျက်ခုံးကျူံ့သွားရသည်။ကားမီးရောင်တွေ ပိတ်မသွားပဲ ကားပေါ်က တုတ်ကိုယ်စီကိုင်ထားသည့်လူငါးယောက်ဆင်းလာသည်။သော်ဇင့် မျက်နှာတင်းခနဲဖြစ်သွားသည်။ဦးကိုကိုမောင် လူတွေဖြစ်လောက်သည်။သော်ဇင့် ခြေလှမ်းကျယ်တွေဖြင့် ရှေ့လမ်းကြားထဲသို့အမြန်လျှောက်လှမ်းလာလိုက်သည်။သူ အလုပ်ရှင်အိမ်တော်ရှေ့တည့်တည့်မှာသူ ရန်မဖြစ်ချင်ပေ။ထိုလူငါးယောက်က သော်ဇင့်နောက် ထပ်ကြပ်မကွာအမြန်ပင်လိုက်လာကြသည်။ခပ်လှမ်းလှမ်းရောက်မှ သော်ဇင်ခြေလှမ်းတွေရပ်ကာ ထိုလူငါးယောက်ကို မျက်နှာချင်းဆိုင်သည်။သော်ဇင်က တီရှပ်အနက်နဲ့ ဂျင်းနက်ဝတ်ဆင်ထားကာ တောင့်တောင့်ဖြောင့်ဖြောင့်ခန်ဓာကိုယ်က တစ်ကိုယ်လုံး နက်စွေးနေကာ လက်ထဲတွင်ဘာလက်နက်မှကိုင်ဆောင်ထားခြင်းမရှိ။တည်ကြည်သည့်မျက်နှာထားနှင့် သန်မာသည့် ကိုယ်ဟန်ပုံစံကြောင့် တစ်ဖက်မှလူတွေ ဇွတ်တိုးမလာရဲပဲ သော်ဇင့် အနေအထားကိုစောင့်ကြည့်နေကြသည်။သော်ဇင်က လက်သီးဆုပ်ထားကာ ထိုလူတွေကို ခပ်တည်တည်ပင်ကြည့်နေသည်။

"ဝှီး!!"

ဟိုဘက်မှ လူတစ်ယောက်ကာ သော်ဇင့်နားရုတ်တရက်ပြေးလာကာ လက်ထဲရှိတုတ်နဲ့အားကုန်လွှဲရိုက်သည်။သော်ဇင် နောက်ကို ကိုယ်ယို့ကာ ရှောင်လိုက်ပြီး ထိုလူ့နားထင် ထက် လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

"ခွပ်!.."

"အာ့"

ခေါင်းမူးဝေကာ ယိုင်နဲ့သွားသည့် လူရဲ့ ဘေးဘက်ကိုနောက်ထပ်တစ်ချက်ထပ်ထိုးလိုက်တော့ ထိုလူထိုးခံရသည့်နေရာကို လက်အုပ်ကိုင်ကာအီခနဲ ညည်းညူရင်း လဲကျသွားသည်။သူတို့လူ လဲကျသွားသည်နဲ့ ကျန် လူ လေးယောက်လုံး သော်ဇင့်ထံ ချက်ချင်းဝိုင်းအုံလာကြသည်။သော်ဇင် လဲကျသွားသူရဲ့တုတ်တံကို ‌အမြန်ကောက်ယူလိုက်သည်။

"ကျားး"

‌"အားး"

"ခွပ်!!..ဘုန်းးး"

အော်ဟစ်သံပေးပြီးဝင်လာသူအား သော်ဇင် ခေါင်းကို ခွပ်ခနဲထိထိမိမိရိုက်ချက်လိုက်သည်မို့ ဘုန်းခနဲလဲကျသွားလေသည်။ပြန်မထလာနိုင်တော့။ကျန်လူသုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကုန်သည်။အစ်ကိုလေးရဲ့ ရည်းစားဆိုသူကမာဖီးယားလားဟ။သုံးယောက်လုံး
တစ်ပြိုင်နက်ဝင်လာသည်မို့ သော်ဇင့်ပခုံး တစ်ချက်ရိုက်ခံလိုက်ရသည်။သို့သော် သန်မာကာ ဖျတ်လတ်သည့် သော်ဇင့်ကိုထိုလူသုံးယောက်အနိုင်မရပါ။အတန်ကြာသည်အထိ ထိုးကြိတ်နေကြပြီးနောက် သော်ဇင့်ရဲ့ညီအစ်ကိုနှစ်ယောက်ရောက်လာသည်မို့ ထိုလူတွေလဲကျသူတွေကိုထမ်းခေါ်ပြီး အမြန်ပင်ကားပေါ်တက်ပြေးကြလေတော့သည်။

Falling in love with my husband (season 2)Where stories live. Discover now