Chapter 23

2.2K 72 0
                                    

ချမ်းတို့ကို ဖမ်းခေါ်လာသည့်  ထိုလူသုံးယောက်က ကားလေးကို မြို့ပြင်ဘက် ခြံကြီးတစ်ခြံထဲ မောင်း ဝင်လာကြသည်။မြတ်ကို အဘွားဖြစ်သူထံမှ  မွေးနေ့လက်ဆောင်ရထားသည့် ခြံနှင့် မလှမ်းမကမ်းမှာ ရှိနေသည့် ခြံတစ်ခုဖြစ်သည်။ခြံထဲမှာ သစ်ပင်ကြီးတွေနဲ့ ခြုံနွယ်ပိတ်ပေါင်း အချိူ့ရှိသည်။လူမနေသည်မှာ ကြာပြီဖြစ်ပုံပေါ်သည်။

"ဟေးး..ဆင်းကြ နည်းနည်းမှ လှုပ်မယ်မကြံနဲ့..နှစ်ယောက်စလုံး  တစ်ခါတည်း နိဗာန်ရောက်သွားမယ်"

ထိုလူသုံးယောက်က ချမ်းနှင့် မြတ်ကို ကို သေနတ်တိုနှစ်လက်ဖြင့် ချိန်ထားကာ ကားပေါ်မှ ဆင်းစေသည်။ချမ်းတို့လက်နှစ်ဖက်မြှောက်ထားရကာ ခေါင်းကိုထိုးချိန်ထားသည့် သေနတ်ကြောင့် ချွေးစတွေ ပြန်နေရသည်။‌မောင့် စကား‌နားမထောင်လို့ ချမ်း ဒုတ်ခတွေ့နေရတာလား။ဒီတစ်ခါတော့ ချမ်း နောင်တအရကြီး ရမိပါသည်။ချမ်း တစ်ယောက်တည်းမဟုတ်ပေ။ချမ်းဗိုက်ထဲက ကလေးလေးပါ တစ်ခုခုဖြစ်သွားပါက ချမ်း ရင်ကျိူးရပါလိမ့်မည်။

တိုက် အဝင်ဝတွေ လက်နက်ကိုင်ကာ စောင့်နေသည့် လူနှစ်ယောက်ရှိသေးသည်။ချမ်း နှင့် မြတ်ကို ထိုလူသုံးယောက် တွန်းပို့ရာ တိုက်ကြီးထဲသို့ ဝင်လာရသည်။အပြင်တွင် ခြုံနွယ်ပိတ်ပေါင်းတွေရှိပေမဲ့ အထဲတွင် အနည်းငယ်သပ်ရပ်လျက်ရှိသည်။ပရိဘောဂ ပစ်စည်းတွေက တောက်တောက်ပြောင်ပြောင်ရှိသည်။မြတ်ကိုတို့ ဧည့်ခန်းထဲ ရောက်လာတော့ လူတစ်ယောက်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် မိန့်မိန့်ကြီးထိုင်နေလျက်။ထိုလူကို မြင်လိုက်ရသည်နဲ့ မြတ်ကို မျက်လုံးလေးတွေ စူးခနဲဖြစ်သည်။ဒီ သူတောင်းစားမျောက်.......။

"ဟား....ဟား...ဟားး ရောက်လာကြပြီပဲ..မင်းတို့တော်တယ်"

လက်ထဲ အရက်ခွက် ကိုင်ထားသည့် ထိုလူက မြတ်ကိုတို့ကို မြင်တော့ သဘောကျစွာ တဟားဟားအော်ရယ်ရင်း ဆိုသည်။ရှေ့စားပွဲတွင် တစ်ဝက်ကျ‌နေပြီဖြစ်သောဖန်အရက်ပုလင်းနဲ့ ရေခဲတုံးခွက် ရှိသည်။ကျော်သက်ပိုင်က မျက်လုံးတွေ ရီဝေဝေဖြစ်နေကာ ရေချိန်ကိုက်နေပြီပုံရသည်။ကျော်သက်ပိုင်က လက်ထဲရှိ အရက်ခွက်ကိုတစ်ကျိူက်မော့သောက်ပြီး စားပွဲပေါ်ပြန်ချသည်။ပြီးနောက် အေ့ခနဲလေချဉ်တက်ကာ ရပ်နေသည့် မြတ်ကို နားရောက်လာသည်။

Falling in love with my husband (season 2)Waar verhalen tot leven komen. Ontdek het nu