Chapter 25

2.3K 73 0
                                    





"မောင်........ဘာလုပ်နေတာလဲ"

အသံစူးစူးလေးနဲ့ အတူ ချမ်း က ဧည့်ခန်းဝ တွင်ပေါ်လာသည်။ကိုယ်ဝန်က နှစ်လထဲ ရောက်နေပြီမို့ ချမ်း ဗိုက်လေးက စူပုံ့ပုံ့လေးဖြစ်နေပြီဖြစ်သည်။ချမ်း အသံကြားသည်နဲ့ ဧည့်ခန်းရှိဆိုဖာပေါ်တွင် လှဲကာ ဂိမ်းဆော့နေသော ဆန်းလေး ငေါက်ခနဲ ထထိုင်လေသည်။ပါးပါး ရောက်လာတာလား။သူ ဂိမ်းထဲမှ အမြန် ထွက်ကာ လက်ထဲရှိဖုန်းကို ဆိုဖာပေါ်ရှိ ခေါင်းအုံးအောက်ထိုးထည့်လိုက်သည်။ချမ်း က သူ့ ဗိုက်ပုံ့ပုံ့လေးကိုင်ကာ ဧည့်ခန်းထဲ ဝင်လာပြီဖြစ်သည်။ပါးပါး  ကိုယ်ဝန်ရှိလာကတည်းက စိတ်တိုလွယ်၊စိတ်ဆတ်လွယ်၊ငိုလွယ် မို့ ဒယ်ဒီနှင့်သူ ပါးပါးရှေ့တွင် အမှားသေးသေးလေးတောင်မလုပ်ရဲပါ။

"သား...ဘာလုပ်နေတာလဲ...သား ဒယ်ဒီရော"

ချမ်းက ဆန်းလေး ဘေးဆိုဖာပေါ်တွင် ဝင်ထိုင်ရင်းမှ မေးသည်။ချမ်းက သနပ်ခါးရောင် အင်ကျီပွပွလေးနဲ့ ဘောင်းဘီပွလေးဝတ်ဆင်ထားသည်။ကိုယ်ဝန်ကြောင့် ချမ်း ကအရင်ကထက် ပိုနုဖတ်နေကာ ခန်ဓာကိုယ်လေးပြည့်နေသည်။

"ဒယ်ဒီက ပါးပါး ကြေးအိုးသောက်ချင်တယ်ဆိုလို့ ကြေးအိုးသွားဝယ်တာလေ"

"ဟုတ်လား...မောင် များလည်းနော် ...အပြင်ထွက်မှာ လူကိုပြောမသွားဘူး......သား ကရော ဒီမှာ ဘာထိုင်လုပ်နေတာလဲ...ဂိမ်းဆော့နေတာလား"

"မဆော့..မဆော့ပါဘူး ပါးပါး"

ချမ်း အမေးကို ဆန်းလေးက ပြာပြာသလဲပြန်ဖြေသည်။ချမ်းကဆန်းလေး အား  မယုံသလိုကြည့်လာပြီး......

"ပါးပါး ညာတာမကြိုက်ဘူးနော်  သား...သား ကို ပါးပါး ဘာပြောထားလဲ"

ချမ်း ကိုယ်မွေးထားသည့် သားမို့ မျက်နှာကြည်ရုံနဲ့ အကြောင်းသိသည်။ဒီကလေးလေး စာမေးပွဲ နီးနေပြီမလို့ ဂိမ်းဆော့ခွင့် ပိတ်ထားတာကို ခိုးဆော့နေပြန်ပြီလား။

"ဂိမ်း...ဂိမ်းမဆော့ရဘူး...ဆော့ရင် ကျောင်းပိတ်ရက် ကိုကို့နား မသွားရဘူးလို့ ပြောထားပါတယ် ပါးပါး"

ဆန်းလေးက သူ့အမှားကိုသိစွာ ခေါင်းလေးငုံ့ဆိုသည်။

"အင်း..သိရင်ပြီးတာပဲ....သား ကိုကိုနား မသွားချင်ဘူးဆို ဆော့ပေါ့"

Falling in love with my husband (season 2)Donde viven las historias. Descúbrelo ahora