Chapter 14

2.6K 74 0
                                    

အခန်း 14




ဦးကိုကိုမောင်တို့ ခြံတံခါးဖျက်ကာ အထဲအထိရောက်လာတော့ တစ်အိမ်လုံး မှောင်မဲလျက်ရှိသည်။‌ဆယ်ယောက်လောက်ရှိသည့် လူတွေက အိမ်ဧည့်ခန်းထဲတွင် ဖြန့်ကျက်ရောက်လာကြသည်။

"ဟေး...မီးတွေဖွင့်!တစ်အိမ်လုံးပတ်ရှာကြ"

ဦးကိုကိုမောင် နောက်နားရပ်နေသည့် လူတစ်ယောက်ကခပ်မာမာ အမိန့်ပေးလိုက်တော့ တစ်အိမ်လုံးပြန်လည်လင်းထိန်လာကာ လူတွေက ဟိုအခန်းဝင်၊ဒီအခန်းထွက် လိုက်ရှာကြသည်။ထမင်းစားပွဲတွင် တွေ့ရသည့် စားလက်စ ထမင်းပန်းကန်၊ဟင်းပွဲတွေကြောင့် ဦးကိုကိုမောင် မျက်ခုံးကျူံ့သည်။ဒီအ‌ခြေအနေတွင်တောင် ဦးကိုကိုမောင်ကပါးစပ်တွင်ဆေးပေါ့လိပ်ကြီး ခဲထားသည်မှာ မပျက်ပေ။
ဟင်းရည်ပူပူတို့မှာ အခုထိ အငွေ့တွေ မပျယ်သေး။စား လက်စ ထမင်းပန်းကန်နှစ်ပန်းကန်ကို ကြည့်ပြီး ဦးကိုကိုမောင် မျက်နှာကြီး မှောင်မဲလာသည်။

‌ပြန်ပေးဆွဲသွားသည်ဟူသော သူ့သားတော်မောင် စကားက လိမ်ညာ၍ပြောသည့်စကားလား။ပြန်ပေးဆွဲခံရသည်ဆိုသည့် လူက ဒီလိုအေးဆေး ထမင်းလက်ဆုံ စားနေနိုင်သေးသည်။တောက်!.။ခွေးသားလေး။လူလည်ကျသွားပြန်ပြီ။လင်နောက်လိုက်သည့်ကိစ်စကို ပြန်ပေးဆွဲခံရသည်ဟု အဖေဖြစ်သူကို လိမ်‌လည်ပြောဆိုသေးသည်။သူ့မှာတော့ ဖင်တောင်မချနိုင်ဘဲ သူ့သား လေးရှိနိုင်မည့်နေရာ စက်ကန့်မလပ်စုံစမ်းကာ သိရသည်နဲ့ ချက်ချင်း အပြေးရောက်လာခဲ့သည်။ဒင်းက လင်နောက်လိုက်ပြီး ပျော်ပါးနေတယ်တဲ့လား။

"ဆရာ..ဒီအိမ်မှာ မရှိပါဘူး"

"တောက်!!အဲဒီ ခွေးသားနှစ်ကောင်နောက်ကို မြန်မြန်လိုက်ကြ"

"ဟုတ်..ဟုတ်ကဲ့ပါ ဆရာ"

ဦးကိုကိုမောင်ရဲ့ အသံမာမာကြောင့် တပည့်တွေ ပြူးပြူးပြာပြာဖြစ်ကာ ပွင့်နေသည့် နောက်ဖေးပေါက်အတိုင်း အမြန်လိုက်ကြသည်။

"အဲဒီခွေးသားလေး ဒီညငါ့လက်ထဲရောက်အောင်ပြန်ခေါ်ခဲ့!!"

ပြေးထွက်သွားသည့် တပည့်တွေအားကြည့်ပြီး ဦးကိုကိုမောင် အော်ပြောလိုက်သေးသည်။တစ်ညအိပ်ပြီးတာတောင် လွန်လှပြီ။ဒီညပါ ထပ်တိုးရင် သူ့သားတော်မောင်ကို ဗိုက်ကလေးတစ်လုံးနဲ့ ပြန်တွေ့ရမည်လားမဆိုနိုင်ပေ။

Falling in love with my husband (season 2)Where stories live. Discover now