Chapter 24

2.6K 77 1
                                    

"နင်..နင် ငါ့ကို ရောက်ရောက်ချင်း အမောဆို့သေအောင်လုပ်ချင်နေတာလား"

"ဖြန်း!!"

ဒေါ်မေချိူက ပြောပြောဆိုဆို မြတ်ကိုပခုံးအားဖြန်းခနဲရိုက်ချသည်။

"အ!..မာမီ နာတယ်နော်"

"နာ!..နာ!"

သူမ မှာရောက်ရောက်ချင်း ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရသလဲ။လေယာဉ်ဆိုက်တော့ လာကြိုပါမည်ဆိုသည့် သားတော်မောင်ကို အရိပ်အယောင်တောင်မတွေ့ရပေ။သူ့ဖုန်းကို ခေါ်တော့လည်း မကိုင်။အိမ်ကို ဖုန်းဆက်တော့ သူမကို လာကြိုသည်ဆိုသည်။အတန်ကြာစောင့်နေသည်အထိ ပေါ်မလာသည်မို့ သူမ အိမ်ကို ထပ်အကြို ခေါ်ပြီး ပြန်လာလိုက်သည်။မြတ်ကို သူမကိုလာမကြိုပဲ ဟိုဒီဝင်နေသည် ထင်ပြီး သူမ တစ်လမ်းလုံးမြည်တွန် တောက်တီးလာမိသေးသည်။

အဲလိုမဟုတ်ပဲ သူမ သားလေးက အဖမ်းခံနေရသည်တဲ့လား။

"မာမီကလည်း သား ဘာမှမဖြစ်ဘူးလေ စိတ်မပူပါနဲ့"

"မပူလို့ရမလား...ငါ့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ..မပြောကောင်းမဆိုကောင်း တစ်ခုခုများဖြစ်သွားခဲ့ရင် ငါရင်ကျိူးရချည့်ရဲ့.....အဲဒါ ရှင့်ကြောင့်ဖြစ်တာလေ...အဲဒီကလေး ဘယ်လိုအကျင့်စရိုက်ရှိမှန်း သေချာမစုံးစမ်းပဲ ကျွန်မသားလေးနဲ့ လက်ထပ်ပေးဖို့စီစဉ်ခဲ့သေးတယ်...ဘုရားမ လို့ ....ငါ့ သားလေး ဘာမှမဖြစ်တာ"

ဒေါ်မေချိူက  ယောကျာ်းဖြစ်သူဘက် မြှားခေါင်းလှည့်သည်။ဦးကိုကိုမောင်က ဒေါသထွက်နေသည်မျက်နှာတည်ကြီးဖြင့် ထိုင်နေကာ တစ်ခွန်းမှ တုံ့ပြန်မပြောပေ။‌ကျော်စွာ
ဆိုတဲ့ကောင်။သူ့သားကို လာထိရဲသည်ပေါ့။လက်ထပ်ပွဲ ပျက်သွားရုံနဲ့ သူတို့ကြားက ခင်မင်မှုကို ပျက်ပြားချင်နေသည်။ကိုကိုမောင် ဘာကောင်လဲဆိုတာ သေချာသိစေရမယ်။

"ဘုရား မ,တာ မဟုတ်ဘူး မာမီရဲ့...ဟောဒီက သားယောကျာ်း ကိုကို က မ,တာ...ကိုကိုအမြန်လာကယ်လို့ပေါ့..မဟုတ်ရင် မာမီ သား အလောင်းပဲ မြင်ရတော့မှာ...အဲဒီခွေးသူတောင်းစားက သားကိုမုဒိမ်းကျင့်ချင်နေတာလေ...သား သူကျင့်တာခံမယ့် အစား ကိုယ့်ကိုယ်သတ်သေမယ်‌လို့ ဆုံးဖြတ်ပြီးသား........"

Falling in love with my husband (season 2)Where stories live. Discover now