Chapter 17

2.5K 72 0
                                    

အခန်း  17

"ပါးပါး ဗိုက်ထဲက ကလေးလေးက အိပ်နေတာလားဟင်"

ဆန်းလေးက ချမ်း ထိုင်နေသည့် ဆိုဖာရှေ့တွင် ဒူးထောက်ထိုင်ကာ ချမ်း ဗိုက်လေးကို အုပ်ကိုင်ကြည့်နေရင်း မေးသည်။ချမ်းက ဆန်းလေးအမေးကြောင့် အနီရောင်ပန်းသီးကိုအခွံခွာနေရင်းမှ ပြုံးကာ....

"ပါးပါး ဗိုက်ထဲက ကလေးလေးက သွေးခဲလေးပဲ ရှိသေးတာလေ သား..."

"ဟုတ်လား "

ချမ်း အဖြေက ဆန်းလေးက တအံ့တဩဖြစ်ကာ ချမ်း ဗိုက်လေးကို သေချာစူးစိုက်ကြည့်သည်။ချမ်း ဗိုက်ထဲကလေးလေး ရောက်နေပြီ ဟု သိကတည်းက ဆန်းလေးက သူ့ဒယ်ဒီနည်းတူ အကဲ ပိုနေတာဖြစ်သည်။ချမ်း ပက်လက်လှဲအိပ်နေလျှင် ချမ်း ဗိုက်ထံ ‌နားလေးကပ်ပြီး အထဲက ကလေးလေး လှုပ်နေလား နားထောင်ရတာတစ်မျိူး။"ပါးပါး ကလေးလေးကို ဗိုက်ထဲကမြန်မြန် ထွက်ခိုင်းပါတော့ ဆိုတာတစ်မျိူး"သူ့အတွက် ပထမဆုံး အငယ်လေး ရတော့မည်မို့ မောင်ချမ်းမြေ့တာရာတို့ စိတ်လှုပ်ရှားပျော်ရွှင်၍ မဆုံးနိုင်ပေ။

"ပါးပါးဗိုက်က တီလေးဒါ‌ဒါလေး ‌မဖောင်းသေးဘူးလား"

"နောက်ကျ ဖောင်းလာမှာပေါ့ သားရဲ့...ပါးစပ်ဟ"

ချမ်းက ပြောရင်း ပန်းသီး တစ်စိတ် စိတ်ကာကာ ဆန်းလေး ပါးစပ်ထဲခွံ့သည်။ဆန်းလေးက အလိုက်သင့် ပါးစပ်လေးဟကာချမ်း ခွံ့ကျွေးသည့် ပန်းသီး စိတ်လေးကို ဝါးစားသည်။ဆန်းလေး သွားတန်းလေးတွေက ဖြူဖွေးကာ ညီညီစီစီလေးဖြစ်သည်။ဆန်းလေးက အိမ်နေရင်းအသားရောင် တီရှပ်ပွလေးနဲ့ ခါးမှာကြိုးပါသည့် ဘောင်းဘီရှည်ပွပွလေးတစ်ထည်ကို တွဲဖက်ဝတ်ဆင်ထားသည်။

ဆံနွယ်‌ ပျော့လေးတွေက နဖူးထက် ဝေ့ဝဲကျ‌နေကာ ဆန်းလေး နှုတ်ခမ်းပါးလေးက ရဲတွတ်နေလျက်။ချမ်းကရင်ဘတ်တွင် စာတန်းအနက်ရောင်ပါသည့် ပန်းနုရောင် oversizeတီရှပ်ပွလေးကို ကွက်စိပ်ဘောင်းဘီရှည်ပွပွဖြင့် ပေါ့ပေါ့ပါးပါးတွဲဖက်ဝတ်ဆင်ထားသည်။ပန်းသီးကို ဂရုတစိုက်လှီးစိတ်နေသည့် ချမ်း လက်ချောင်း ‌ဖြူဖြူသွယ်သွယ်လေးတွေက ငေးကြည့်ချင်စရာဖြစ်သည်။

Falling in love with my husband (season 2)Where stories live. Discover now