Chapter 11

2.9K 79 0
                                    


အခန်း 11

⚠️ warning (This part will be included some sexual words and sexual contents .If you are under 18 ,you should not be read this part.)

ဧည့်ခန်းထဲ ထိုင်ကာ ဘောလုံးပွဲကြည့်နေသည့် သော်ဇင်ကို လှမ်းကြည့်ပြီး မြတ်ကို အခန်းရှေ့ တွင် စိတ်လှုပ်ရှားစွာ ဟိုလျှောက်ဒီလျှောက်ဖြစ်နေရသည်။ဘာလို့ ခုအချိန်ထိ ကိုကိုက ပုံမှန်အတိုင်းပဲ ဖြစ်နေရတာလဲ။ဆေးသောက်ထားတာ နာရီဝက်ကျော်နေပြီလေ။ဒီအချိန်ဆို ဆေးစွမ်းပြသင့်နေပြီမဟုတ်ဘူးလား။ကိုကိုက သူ့ကိုလုပ်ပြီးမှ တာဝန်ယူခိုင်းလို့ရမည်မဟုတ်လား။ဒီည ကိုကိုနှင့်သူ လုပ်ရမှဖြစ်မည်။အဲဒါမှ မနက်ကျ ကိုကို့ကို လက်ထပ်စာချူပ်တွင် လက်မှတ်အလွယ်တကူထိုးခိုင်းလို့ရမည်။သူ ဒီလို တမင်ဝတ်ထားတာတောင် ကိုကိုက သူ့ကိုစိတ်မဝင်စားဘူးလား။

မြတ်ကို ကိုယ့်ကိုယ့်ကို ငုံ့ကြည့်မိသွားရသည်။အတွင်းခံလေးတစ်ထည်သာ ဝတ်ထားသည်မို့ အောက်ပိုင်းတစ်ပိုင်း‌လုံးက ဗလာကျင်းနေသည်။seriesတွေထဲမှာဆို ukeလေးတွေက ဒီလိုဝတ်ပြီးသူတို့ semeကြီးကို ဆွဲဆောင်ကြတာလေ။သူ ဝတ်မှ နည်းနည်းလေးတောင်ဆွဲဆောင်မှုမရှိဘူးလား။မြတ်ကို ဆိုဖာတွင် ထိုင်နေသော လူကြီးကို မကျေမနပ်ကြည့်မိကာ ထိုလူကြီးရှိရာ ဆိုဖာထံသို့ လျှောက်လာလိုက်သည်။

"ကိုကို!!"

"အင်း"

မြတ်ကို ခေါ်တော့ သော်ဇင်က မြတ်ကိုကို မော့ကြည့်ကာထူးသည်။မြတ်ကိုက ဖွင့်ထားသည့် တTVကိုဖြတ်ခနဲပိတ်ကာသော်ဇင့် ပေါင်ပေါ်ခွထိုင်လာသည်။သော်ဇင့်ပခုံးပေါ်လက်တင်ပြီး သော်ဇင်နှင့် မျက်နှာချင်း ဆိုင်သည်။

"ကိုကို ဆယ်နာရီတောင် ရှိနေပြီလေ ဘေဘီတို့ အိပ်ကြတော့မလား"

သူ့ပေါင်ပေါ်ထိုင်လာသည့် တင်သားအိအိလေးရဲ့အထိအတွေ့ကြောင့် သော်ဇင် အသက်ရှုသံတွေမြန်လာသည်။

"ကိုယ် ဒီဆိုဖာပေါ်မှာအိပ်လိုက်မယ်..ဘေဘီ အိပ်ချင်ရင် အိပ်နှင့်လေ"

"ကိုကိုက ဘေဘီ့ကို တစ်ယောက်တည်း ပစ်ထားမလို့လား"

မြတ်ကိုက ပြောပြီး ထုံးစံအတိုင်း သော်ဇင့်ပေါင်ပေါ်တွင် သူ့တင်လုံးလုံးလေးကို ဟိုရွှေ့ဒီရွှေ့လှုပ်ရှားသည်။အနီးကပ်မြင်တွေ့နေရသည့် ဖြူဖြူအုအုမျက်နှာ‌လေးက အပြစ်ဆိုစရာမရှိအောင် ချောမွေ့နေလျက်။မျက်တောင်ရှည် စင်းစင်းလေးတွေ။ရဲသွေးကြွနေသော ပန်းရောင်နှုတ်ခမ်းလေးထက်က မှဲ့နက်သေးသေးလေး။ပူးကပ်နေသည့် အနေအထားကြောင့် မြတ်ကိုထံမှ ကိုယ်သင်းနံ့သင်းသင်းလေးက သော်ဇင့်နှာခေါင်းထဲ တိုးဝင်ကျီစင်လျက်ရှိသည်။မွှေးပျံ့သည့် ကိုယ်သင်းနံ့၊သူ့အရာတည့်တည့် ပေါ်ထိုင်ချကာ လှုပ်ရှားပွတ်သပ်နေသည့် တင်လုံးလေး။

Falling in love with my husband (season 2)Where stories live. Discover now