အပိုင်း (၁)

1.4K 35 0
                                    

အသားညိုညို ၊ အရပ်မြင့်မြင့် နဲ့ ကောင်မလေး ပြောမယ်ဆို ရွာရဲ့ ကွမ်းတောင်ကိုင် စာရင်းဝင် တစ်ယောက်ပေါ့
နာမည် က ခေတ်သဇင်လှိုင် တဲ့ ဒီနေ့ ရန်ကုန် သွားပြီး အလုပ်လုပ်မှာမို့ အဝတ်စားပစ္စည်းတွေ ထည့်နေတာ

" သမီး သဇင် အိမ်ကနေ ဘယ်ချိန်သွားမှာလဲ"

" ကား က 10 နာရီတဲ့ ကြီးမြ ရေ ၊ ကိုလေးက 8 နာရီလောက် လိုပို့မယ် ပြောတယ်"

" အေး အေး ဂရုစိုက်သွား ၊ သွားခါနီး ဘုရားရှိခိုးသွားဦး"

" ဟုတ် ကြီးမြ လဲ ကျန်းမာရေး ဂရုစိုက်နော် "

" အေးပါအေ ကျုပ်ကို စိတ်မပူနဲ့ ညည်းပဲ ဂရုစိုက် ပြီးတော့ မကြာမကြာ ဖုန်းဆက်ချေ ကြားလား"

" ဟုတ်ကဲ့ ပါ ကြီးမြ ရဲ့ ဆက်မှာပါ"

" ဟိုမှာ ညည်းအကို လာနေပြီ သွား...သွား ဘုရားရှိခိုး"

ကြီးမြ ဆိုတာက မိဘတွေ ဆုံးပါးသွားပြီးနောက်ပိုင်း သဇင့်ကို စောင့်ရှောက်ပေးတဲ့ သဇင် အမေ့ ရဲ့ အစ်မကြီး ​ပါ

သဇင် လဲ ဘုရားရှိခိုးပြီးတော့

" ကြီးမြ သမီး ကန်တော့ခဲ့တယ်နော် " ဟု ပြောကာ မြေကြီးပေါ်ထိုင်ချရင်း ကြီးမြ ကို ကန်တော့လိုက်တယ်

" အေး... အေး ငါ့သမီးလေး သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ၊ အသံကြားသနားပြီး မျက်နှာ မြင် ချစ်ခင်ပါစေကွယ် "

"ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ကြီးမြ  ၊ သမီး သွားတော့မယ်နော်"

" အေးအေး - ကိုလင်း ရေ ဆိုင်ကယ် ဖြည်းဖြည်းမောင်းဦး"

ကြီးမြ က အကိုလေး ကို လဲ လှမ်းအော်ပြီး မှာလေသည်

" ဟုတ်ကဲ့ပါ ကြီးမြ ရဲ့"

ကိုလင်း က လဲ ပြန်ဖြေ သည်။

သဇင် သည် တစ်ခါမှ ရွာနဲ့ မခွဲဖူး ကြီးမြ နဲ့လဲ မခွဲဖူးတာကြောင့် ဝမ်းနည်းမိတာတော့ အမှန် ၊ ဒါပေမယ့်လဲ ပျော်ရာမနေ တော်ရာမှာ နေဆိုသလိုပေါ့ ရွာမှာက အလုပ်ကိုင်တွေ ရှားပါးလာပြီလေ

ကားဂိတ်ရောက်တော့ အကိုလေးက

" ညီမလေး ရန်ကုန် ရောက်တာနဲ့ ဒီနာပါတ်ကိုဆက်လိုက်နော်
ကိုလင်းမောင် ဆက်ခိုင်းတာလို့ ပြောလိုက် ညီမလေးကို လာခေါ်ပေးလိမ့်မယ် လာခေါ်မယ့် သူရဲ့ နာမည် ယုယ တဲ့ သေချာမှတ်ထားနော် ညီမလေး"

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now