အပိုင်း (၆)

618 21 0
                                    

သဇင် ထွက်သွားပြီး သိပ်မကြာဘူး
သွေးလဲ အပြင်သွားစရာရှိတာကြောင့် ရေမိုးချိုးပြီး ဝတ်နေကြ
ဂျင်းရှည် တီရှပ်ပွပွ ကို တွဲ ဝတ်ပြီး အခန်းတံခါးသော့ခတ်ကာ ထွက်လာခဲ့လိုက်တယ်.......

သွေး ပြန်ရောက်တော့ နေ့လည် ၂ နာရီ ထိုးပြီ ထိုအချိန်ထိ ဟိုတောသူမ က ပြန်မရောက်သေး
(ဘယ်တွေသွားနေလဲ မသိဘူး တစ်နေကုန်တစ်နေကမ်း)
ဟမ် သူ့ဘာသာ ဘယ်သွားသွား ငါ နဲ့ ဘာဆိုင်လို့လဲ မမြင်ရလေ ကောင်းလေ ပဲ ကို လို့တွေးမိလို့ နှုတ်ခမ်းမှလဲ မဲ့လိုက်မိသေးတယ်

သွေး ပြန်ရောက်ပြီး တစ်နာရီလောက်ကြာမှ တောသူမ က ပြန်ရောက်လာတယ် မနက်က လူးသွားတဲ့ သနပ်ခါးတော့ ပြန်ပါမလာတော့ ( ဟင် လူတစ်ယောက်ကို ငါဘယ်တုန်းက အဲ့လောက်စေ့စေ့စပ်စပ် ကြည့်တက်သွားတာလဲ ကျွတ် မုန်းပါတယ်ဆိုမှ) သွေး လဲ စိတ်ရှုပ်ရှုပ် နဲ့ အိတ်ထဲက စီးကရက်ဗူး နဲ့ မီးခြစ် ကို ယူပြီး အခန်းပြင်ထွက်ခဲ့လိုက်တယ်

====================

သွေး က ဆေးလိပ်သောက်တက်တာလား မိန်းကလေးဖြစ်ပြီး မအပ်စပ်လိုက်တာ ကွယ်
သဇင် က အစအဆုံးမြင်လိုက်ရတဲ့ အခါ မတားနိုင်ပေမယ့်
မလုပ်စေချင် ဒီကလေးမ လေး က အိမ် နဲ့ စိတ်ဆိုးပြီး ဆင်းလာတာ ဆိုတော့ ဘဝ ကို ထင်ရာစိုင်းနေတာများ လား (ဟူး ခက်ပါဘိ သွေးဟေမာန် ရယ် မင်းဘာလို့ များ အဲ့လောက်ထိ ပေတေနေရတာပါလိမ့်) ( အို.... ငါ ဘာလို့များ သူ့အကြောင်းကို ရင်မောစွာ တွေးနေမိပါလိမ့်နော်)

သဇင် လဲ ဝင်လာတဲ့ အတွေးတွေကို ဖယ်ထုတ်ပြစ်ပြီး
အပြင်က ပြန်လာတာမို့ အဝတ်စား လဲ လိုက်တယ်

အိမ်နေရင်းမို့ အပေါ်က တီရှပ် နဲ့ ထဘီ လေးပဲ အလွယ်ဝတ်လိုက်တယ် သဇင် က ဘောင်းဘီ ၊ စကပ် တွေ ဝတ်နေကျင့် မရှိဘူးလေ
==================
သဇင် အခန်းပြင် ပြန်ထွက်လာတော့ ခုံတန်းလေးမှာ ဆေးလိပ်ထိုင်သောနေသော သွေးရယ် မလှမ်းမကမ်း က ထိုင်ခုံ ထိုင်နေတဲ့ မယု ရယ် ကို တွေ့လိမ့်တယ်

သွေး က တော့ အတွေးတွေ များနေတယ်ထင်ပါ့ ရီဝေဝေ မျက်လုံးတွေကို အဝေးကို ငေးကြည့်နေလေတယ်

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now