အပိုင်း (၁၆)

609 18 0
                                    

ဒီလိုနဲ့ နှစ်ဦးသား အချစ်ပင်လယ်မှာ ဖြူစင်မှုတွေ ချစ်သူခရီးလက်ပြစ်ကူးခဲ့တာ ရက်တွေ တွေ ရက်သတ္တပတ် ၂ ပတ် မျှ ကြာခဲ့ပြီ
အချစ်တွေက လဲ နှစ်ဦးသား ကြားမှာ ပိုပိုပြီး ခိုင်မြဲလာခဲ့တယ်

" မ "

" ရှင့် " သဇင် ထူးလိုက်တော့

" ချစ်လား....ဟင် " မရိုးနိုင်တဲ့မေးခွန်းလေး မေးလာတိုင်းလဲ

" ချစ်တာပေါ့ ကလေး ရယ် "

" ဘယ်လောက်ထိ ချစ်လဲ "

" ပြောမပြတက်အောင် ချစ်တာ ကလေးနဲ့ ဝေးသွားရမယ်ဆိုတာကို အတွေးနဲ့ထိ ရူးသွပ်လောက်တဲ့ ချစ်တာ "

" အမယ် စကားတော်တော် တက် " သွေးက ပြောပြီးလား သဇင့် ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ကာ

" စကားတက်လို့ ဆုချသွားတာ " ဒီကလေးဆီက အနမ်းကို အကြိမ်ပေါင်းမနည်းရဘူးပေမယ့် နမ်းလိုက်တဲ့ အခါတိုင်းမှာ ရင်ခုန်သံတွေ က လတ်ဆက်နေတုန်း

သဇင့် ရဲ့ ဖုန်းလေးက Ring မြည်လာလို့ ကြည့်လိုက်တော့ ကိုလေး ဆက်တာ

" ဟဲလို "

" အေး မိသဇင် ညည်းဘာတွေ လုပ်နေတာလဲ "

" ရှင်...."

" မရှင် နဲ့ ယုယ ပြောလို့ ငါ အကုန်သိပြီးပြီ" သဇင် ထိတ်လန့်တကြားသွေး ကို လှမ်းကိုကြည့်မိတယ် သွေး က ဟန်ပန်လေးနဲ့ Fighting လုပ်ပြရှာတယ်

" ညည်း အခုချက်ချင်း ရွာပြန်လာခဲ့ ညည်းကို အလုပ်လုပ်ဖို့ လွှတ်လိုက်တာ အခုထိ အလုပ်က သွားတောင် မလျောက်ရသေးဘူးဆို ရွာသာ ချက်ချင်းပြန်လာခဲ့တော့ " တော်ပါသေးရဲ့ ကိုလေး သိတာ အလုပ်မဆင်းဘူးဆိုတာပဲ သိလို့ ဟု တွေးရင်း

" သဇင် အလုပ်ဆင်းဖို့ နည်းနည်းကြောက်နေလို့ပါ ကိုလေး သဇင် ရွာတော့ပြန်မလာချင်ဘူး ဘာမှ မဖြစ်ပဲ ပြန်လာရမှာ ရှက်လို့ မနက်ဖြန်အလုပ်သွားလျောက်ဖြစ်အောင် လျောက်လိုက်ပါ့မယ်"

" အေး ညည်းကို ဒီတစ်ခါတော့ လျော့ပေးလိုက်မယ် မနက်ဖြန်မှ အလုပ်လျောက်ဖို့ ညည်းမလုပ်သေးဘူးဆိုရင် ညည်းပြန်မလာရင် ငါကိုယ်တိုင်လာလိုက်ခေါ်မယ် "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now