အပိုင်း (၁၃)

642 16 0
                                    

ဖုန်းမြည်လာလို့
သဇင် အိပ်ယာကနေနိုးလာခဲ့တယ်

ကြည့်တော့ Contant ထဲ ပြန်မမှတ်ရသေးတဲ့ နာပါတ်တစ်ခု
မယု ပဲ ဖြစ်မှာပါ

" ဟဲလို....."

" အင်း သဇင် နိုးပြီလား" ထင်တဲ့အတိုင်း မယု ဖြစ်နေတယ်

" ဟုတ် နိုးပြီ မယု"

" သက်သာလား "

"ဟုတ် သက်သာပါတယ် "

" အင်း သဇင် လမ်းလျောက်နိုင်တယ် ဆို ဒီနေ့ အလုပ်သွားလျောက်ဖို့ မယု လာခေါ်မလို့ " ဟုတ်သားပဲ ဒီနေ့ လကုန်ပြီး ၁ ရက်နေ့ ဖြစ်နေပြီ

" ဟုတ်...သဇင် သက်သာပါတယ် ရေချိုးပြီး သဇင် စောင့်နေမယ်နော် "

" အေး...အေး သဇင် " ဖုန်းချပြီးနောက် သဇင် လဲ ရေချိုးမလို့ ဆိုပြီး ထ ထိုင်လိုက်တယ်

" မ ဘယ်သွား မလို့လဲ " ဘယ်တုန်းထဲက နိုးနေမှန်းမသိတဲ့ သွေး က သဇင့်ကို မေးလာတယ်

" ဒီနေ့ စက်ရုံ အလုပ်သွားလျောက်မလို့လေ မယုလာခေါ်မယ်ဆိုလို့ "

" မ က တကယ်အလုပ်ဆင်းမလို့လား "

" ဟင်.....သဇင် က ဒီကို အလုပ်လုပ်ဖို့တက်လာတာလေ အဲ့တော့ အလုပ်ဆင်းရမှာပေါ့ "

" မဆင်းလို့ မရဘူးလား "

" မရဘူးလေ သွေး ရဲ့ အလုပ်မဆင်းတော့ သဇင် က ရွာပြန်ဖို့ပဲ ရှိတယ်လေ "
သဇင့် ရဲ့ အဖြေကြောင့် သွေး က မျက်နှာမကောင်း

" သွေး မ ကို ကျွေးနိုင်ပါတယ် "

" အဲ့လို မဟုတ်ဘူးလေ သွေး ရဲ့ သဇင် က ရွာမှာ ကြီးမြ ကျန်ခဲ့သေးတယ် လေ "

" တော်ပြီဗျာ မ သဘော လုပ်ချင်တာလုပ်တော့ "

သွေး က ပြောပြီး ဖုန်းကို ယူကာ တစ်ယောက်ယောက်ကို ခေါ်လိုက်တာ သဇင် မြင်လိုက်တယ်

" ဟဲလို သရဖီ "

speaker ပိတ်ထားတော့ သဇင် ဘာမှ မကြားရ

" အေးငါ့ကို လာခေါ် ဒီနေ့ နင်ရဲ့လိုက်အိပ်မလို့ "

" သွေး " သဇင် လဲ အော်ပြီး သွေး ဖုန်းကို ယူကာ ချပြစ်လိုက်တယ်

" ဘာလုပ်တာလဲ ကျွန်မ ဖုန်းကို ပိုင်စိုးပိုင်နင်း နဲ့ "

" မင်း တို့ကို ဘာကတိပေးထားလဲ "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now