အပိုင်း (၉)

706 20 0
                                    

ဆိုင်ရောက်ရောက်ချင်း သရဖီ့ ဆီ ဖုန်းဆက်လိုက်တယ်

"ဟဲလို သွေး"
"အေးသရဖီ ငါ အိမ်ယာ ထိပ် က အအေးဆိုင်မှာစောင့်နေတာ"

"အေး...အေး သွေး ငါ ပွိုင့် မိနေလို့ ခဏပဲ "
"Ok... ok "

ညက ဘယ်သူလဲ ဆိုတာ သရဖီ တော့ သိမှာပါ....

ခဏကြာတော့ သရဖီ ရောက်လာတယ်

" သွေး ရေးကြီးသုတ်ပြာနဲ့ ဘာကိစ္စ လဲ ညက အရှိန်နဲ့ အေးဆေးမမှိန်းရဘူး " ဟု ပြောပြီး သွေး ရှေ့က ခုံမှာလာဝင်ထိုင်လိုက်တယ်

" ညက ဒေါ်မိုးမြင်သူဇာ နဲ့ ငါ နဲ့ တွေ့သေးလား"

" ဟယ် ကြံကြံဖန်ဖန် အေ နင် ရူးနေလား"

" မဟုတ်ဘူး သရဖီ ငါ ည က သူ ဆိုပြီး ငါ တစ်ယောက်ယောက် ကို အတင်းအကြပ်လုပ်လိုက်မိတယ် အဲ့လူ က အလိုမတူဘူးဆိုတာပဲ ငါသိတယ် ငါ့ စိတ်ထဲမှာ ဒေါ်မိုးမြင့်သူဇာ လို့ ပဲ ထင်နေတာ"

" ဟင်....သွေး " သရဖီ က သွေး ကို ထိတ်လန့်တကြားကြည့်နေတယ်

"ညက ငါ့ကို အဆောင်ထဲ ဘယ်သူလိုက်ပို့တာလဲ နင်လား၊ရတနာလား၊နှင်းနှင်းလား"

"မဟုတ်ဘူး တစ်ယောက် မှ "

" ငါ တစ်ယောက် ထဲ ဝင်သွားတာလား"
သရဖီ ကခေါင်းခါ ပြသည် ။

" ဒါတို့ ငါ့ကိုဘယ်သူလာခေါ်တာလဲ " သရဖီ သက်ပြင်းချ ပြီး

" နင်တို့ဆီကို အသစ်ရောက်လာတဲ့ တစ်ယောက်"

" ဘာ! " သွေး အသံကျယ်သွားတယ် ထင်တယ် ဘေးဝိုင်းက လူတွေက လှည့်ကြည့်လာတယ်

သွေးလဲ အရှေ့မှာချထားတဲ့ အအေးဖန်ခွက်ကို တင်းတင်းကျပ်ကျပ် စုပ်ကိုင်ထားမိတယ်

ဘာလဲ.... ဘာလို့လဲ... ဘာတွေ ဖြစ်ကုန်တာလဲ
သဇင် က လဲ ဒီ မနက် ဘာမှ မဖြစ်ထားသလို ပုံမှန်အေးဆေးပင်

(ဘုရား ဘုရား မဟုတ်ပါစေနဲ့)

" သရဖီ နင် ပြန်တော့ "
" အေး...အေး စိတ်ကို ထိန်းနော် သွေး "

" ရတယ် ငါ ဘာမှမဖြစ်ဘူး သွားတော့ " သရဖီ ထွက်သွားတော့ သွေးလဲ သောက်ထားတဲ့ အအေးဖိုးရှင်းပြီး ခေါင်းငိုက်စိုက်ချကာ ပြန်လာခဲ့တယ်

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now