အိပ်ယာ က နှိုးလို့ ဘေးဘီ ကို ကြည့်လိုက်တော့ သွေးကို မတွေ့ရ
(ဟင် ညထဲက ပြန်မဝင်လာတာများလား) ဟုတွေးကာ စိတ်ထဲစိုးရိမ်မိသွားတယ်ကုတင်ခေါင်းရင်းမှာတင်ထားတဲ့ သဇင့် ရဲ့ အနွေးထည်လေးကို တွေ့လိုက်မှ အော် အပြင်သွားတာ နေမှာပါ လို့ တွေးလိုက်မိတယ်
သဇင် က အခုလောလောဆယ် လကုန်ရက်ထဲရောက်နေတော့ အလုပ်လျောက်လို့ မရသေး စက်ရုံတွေက 25 ရက်နောက်ပိုင်းဆို လစာချုပ်တာမို့ လူသစ်မခေါ်ဘူးလို့ မယုယ က ပြောပြတယ်
ဒါနဲ့ သဇင် လဲ အိပ်ယာထ လိုက်ပြီး မျက်နှာသစ်ကာ မနေ့က ဝယ်လာတဲ့ ထမင်းအိုးကို ဗူးထဲက ထုတ်လိုက်ပြီး ထမင်းချက်ဖို့ ပြင်လိုက်တော့
အဲ့ အချိန်မှာ ပဲ သွေး တစ်ယောက် အပြင်ကနေပြန်ရောက်လာတယ်
သဇင် က သာ လိုက်ကြည့်ပေမယ့် သွေးက တစ်စက်လေးတောင် အရေးမလုပ်ခဲ့ပေမယ့်
သွေး က သူ့ကုတင်ဆီသို့ လျှောက်သွားပြီး ခေါင်းရင်းက အနွေးထည်လေးကို ယူကာ သဇင် ကုတင်ပေါ်သို့ လှမ်းပြစ်လိုက်တယ်
" ခဏလေးခြုံတာ လျော်မပေးတော့ဘူး" အသံကတော့ ခပ်မာမာပင်
သဇင်လဲ ပြုံးလိုက်ပြီ " ရပါတယ် " ဟုသာပြန်ဖြေလိုက်တယ်သွေးဖို့ ထမင်းထည့်ချက်ဖို့ တွေးလိုက်ပေမယ့် သဇင် မမေးရဲ စားရင်ကောင်းတယ်လေ မစားရင် အလကားဖြစ်မှာ
ဒါနဲ့ သဇင် လဲ တစ်ယောက်စာပဲ ချက်လိုက်တော့တယ်
" သဇင် ရေ ညီမလေး " အပြင်မှ မယု ရဲ့ ခေါ်သံ
" ရှင် မယု"
" နိုးနေပြီလား သွေး ရော ရှိလား" သဇင် သွေးကိုလှည့်ကြည့်တော့ တုပ်တုပ်မှ မလှုပ်
" ဟုတ် ရှိတယ် မယု"
" အေး....အေး "
ပြောပြီး ပြန်ထွက် သွားတယ် ထင်တယ် မယုရဲ့ အသံ ထပ်မကြားရတော့
=====================မယု က သွေး ကို ဘာလို့ မေးသွားပါလိမ့် ဟိုတစ်ယောက် လှည့်ကြည့်တာကိုလဲ သိလိုက်ရတယ် ဒီပုံတိုင်းဆို အဲ့တစ်ယောက်က အလုပ်တောင်သွားလျောက်ရသေးတဲ့ ပုံ မပေါ်ပေ
YOU ARE READING
အမုန်း၏ အခြား တဖတ် ၌
General Fictionမိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ