အပိုင်း (၂၀)

653 18 0
                                    

သဇင် သွေး ရဲ့ လက်ကလေးကို တင်းတင်း စုပ်ကိုင်လိုက်တယ်

" သဇင် ပြန်မလိုက်ပါရစေ နဲ့ ကိုလေး "

" ဘာပြောတယ်.... " သဇင့် ရဲ့ အဖြေက ကိုလေးကို ဒေါသပိုထွက်သွားစေတယ် ဆိုတာ သဇင် သိပါတယ်

" ဟုတ်တယ် ကိုလေး သဇင် ပြန်မလိုက်ချင်ဘူး"

" ဖြန်း......" အသံ နဲ့ အတူပါးလေး ထူပူသွားတယ်

" ညည်းကို ရန်ကုန်လွှတ်လိုက်တာ အလုပ်လုပ်ဖို့ ဒီလို မိန်းမ ချင်း အရှက်မရှိ ပလူးနေဖို့ မဟုတ်ဘူး ညည်းသိလား အသားထက်မနာချင်ရင် အခုချက်ချင်းလိုက်ခဲ့ " ပြောရင်း ကိုလေးက သဇင့်လက်လေးကို စောင့်ဆွဲလိုက်တယ်

" သဇင် မလိုက်နိုင်ဘူး " ငိုရင်းနဲ့ပဲ ကိုလေး လက်ကိုဖြုတ်ချလိုက်တယ် မယု က တော့ ဘာမှ ဝင်မပြောရှာ

" ညည်း" ကိုလေး က ဒေါသ ပိုထွက်သွားပြီး သဇင် ကို ထပ်ရိုက်ဖို့လက်ရွယ် လာတယ် ဒီတစ်ခါတော့ သွေး က သဇင့်ရဲ့လက်ကို ဖြုတ်လိုက်ပြီး ကိုလေးကို စောင့်တွန်းလိုက်ကာ

" ဒီမှာ အကြီးဆိုပြီး ခင်ဗျား လက်ပါနေစရာမလိုဘူး "

" နင်နဲ့ဘာဆိုင်လဲ ငါ့ညီမ ငါရိုက်တာ "

" အေး သူက ခင်ဗျား ညီမ ဆိုပေမယ့် ကျုပ် မိန်းမ ဆိုလဲ ဟုတ်တယ် " ဟုပြောပြီး သဇင်ရဲ့ လက်စွပ် ဝတ်ထားတဲ့လက်လေးကို မြှောက်ပြလိုက်တယ်

" $ အဓိပ္ပါယ် မရှိတာတွေ လာမပြောစမ်းနဲ့ ဘယ်နေရာမှာ တရားဝင်လဲ" ကိုလေးက သွေး ကို အနိုင်ပိုင်းပြီးပြောလာတယ်

" ဒီမှာ လိင်တူ ချင်း လက်ထက် တာကို တားမြစ်ထားတယ် ဆိုတာပေမယ့် ကျုပ်တို့အတွက် ကျုပ် တို့ပါတနာ ပေါ်ပဲ မူတည်တယ် "

" ဘာပြောတယ် "

" ခင်ဗျား နားမလည်ရင်နားလည်အောင်အရင်လုပ် အခု ခင်ဗျား မ ကို ရိုက်နေတာ ယောကျာ်းလေးမဝင်ရအဆောင်ထဲမှာနော် အဆောင်ပိုင်ရှင် ခွင့်ပြုထားတယ် ဆိုရင်တောင် အဆောင်ဝ မှာ ဆိုင်းဘုတ်တရားဝင် ချိတ်ပြီးသား ခင်ဗျား နားလည်မှာပါ ဒါ မိန်းကလေးအဆောင် "

" နင်....နင် " ကိုလေး က ဒေါသ တကြီး သွေးကို ရိုက်ဖို့ လုပ်တယ်

" ခင်ဗျား သတ္တိရှိရင် ကျုပ် အသားကိုထိ ကြည့်လိုက် ခင်ဗျား ဘာဖြစ်သွားမလဲ ဆိုတာ သိချင်ရင် ကျုပ် ချစ်တာ မ တစ်ယောက်ထဲ"

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now