အပိုင်း (၁၈)

575 15 0
                                    

ချစ်ခြင်းတွေ ကြားမှာ ရုန်းကန်နေရင်း နှစ်ယောက်သား မိုးချုပ်တာတောင် သတိမထားမိခဲ့....သွေး လဲ ဗိုက်က ဆန္ဒပြလာတော့မှ

" မ ထမင်းစားရအောင် လေ "

" ကလေး က ဗိုက်ဆာနေပြီလား "

" ဆာပြီပေါ့ မ က လဲ မနက်ထဲက ဘာမှမစားရသေးတာ"

" ဟုတ်ပါပြီ အပြင်သွားစားမှာလား "

" ဟုတ်...."

" နောက်နေ့ကစပြီးချက်စားကြမယ်နော် သွေး အကုန်ကျသက်သာအောင် "

" ဟုတ်ပါပြီဗျာ အခုလောလောဆယ်တော့ ဝါးတီးသွားဆွဲရအောင် " ပြောပြီး သွေး လဲ မ ရဲ့လက်လေးကို ဆွဲ ကာ စျေးဘက်သို့ ထွက်လာခဲ့တယ်

" ည ဘက်ကျတော့ စည်တယ်နော် သွေး "

" ဟုတ်တယ် စက်ရုံက ပြန်လာတဲ့သူတွေ က အခုချိန်ပဲ စျေးထွက်ကြာတာလေ "

" မ တို့လဲ တစ်ခါ ထဲ ချက်ပြုတ်စားဖို့ ဝယ်သွားကြမလား"

" ဝယ်လေ မ ရဲ့ "

" အာ မနက်မှပဲ ဝယ်တော့မယ် မ ပိုက်ဆံပါမလာဘူး"

" ပိုက်ဆံ အိတ်ထဲလဲ ပြန်ကြည့်ပါဦး မ ရဲ့ "
သွေး ပြောလိုက်တော့ မ က သူ့ရဲ့ပိုက်ဆံ အိတ်လေးကို ပြန်ကြည့်တယ်

" ဟင် ဒီ ပိုက်ဆံတွေ က ဘယ်က ရောက်လာတာလဲ"

" ဘယ်ကရောက်ရမှာလဲ အဲ့တာ မ ရဲ့ ယောကျာ်းထည့်ပေးထားတာလေ "

" အများကြီး သွေး ရယ် ဘာလုပ်ဖို့လဲ မ အတွက် မလိုအပ်ပါဘူး"

" သွေး ပိုင်ဆိုင်တဲ့ အရာမှန် သမျှ မ အကုန်ပိုင်တယ် နောက်ကို အဲ့လို မပြောနဲ့ သွေး မကြိုက်ဘူး"

" သွေး ကို  မ ချစ်တာ သွေးရဲ့ပိုင်ဆိုင်မှုတွေကြောင့် မဟုတ်ပါဘူး သွေး ရယ် "

" သွေး က ရော ဘာပြောလို့လဲ မ ရဲ့ သွေး က မ ကို ပြည့်ပြည့်စုံစုံထားချင်တာ တော်ပြီ မ ရာ အခုဗိုက်ဆာတယ် သွားစားကြမယ် ကျန်တာ မပြောနဲ့တော့နော် "

" အင်းပါ ကလေးရယ် "

ဒီကလေး ရဲ့ သိတက်မှုတွေ က သဇင့်ရဲ့ ရင်ကို အဆမတန် လှုပ်ခတ်စေတယ် (ဒါပေမယ့် သွေး ရယ် မ အတွက် ဒါတွေမလိုအပ်ပါဘူး သွေး ရှိနေရင်ကို ရပါပြီ )

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now