အပိုင်း (၁၂)

668 21 0
                                    

သွေး ရေချိုးခန်းထဲ ဝင်သွားပြီးတော့ သဇင် လဲ ကိုလေးဆီကို ဖုန်းဆက်ဦးမှ လို့ တွေးပြီး

ဖုန်း Contant ထဲဝင်လိုက်တော့ သွေး နာပါတ်က လွဲရင် ကျန်တာမတွေ့ ဟုတ်သား ဖုန်းက အခုမှလဲထားတာ ပြန်မှမရသေးတာ

သဇင် လဲ ကိုလေး နာပါတ်က အလွတ်ရနေတော့ နာပါတ်နှိမ့်ပြီး ခေါ်လိုက်တယ်

ဖုန်းဝင်ဝင်ချင်းမှာပဲ ကိုလေး က ဖုန်းကိုင်လာတယ်

" ဟဲလို သဇင် ညီမလေး ပြော"

" သတိယလို့ဆက်လိုက်တာ ကိုလေး နေကောင်းတယ်မဟုတ်လား"

" အင်းပါတယ် ညီမလေး ရော နေကောင်းရဲ့လား "

" ဟုတ်.... ကိုလေး " မညာစဖူးညာလိုက်ပြီး (ဟူး တော်ပါသေးရဲ့ မယု မပြောထားလို့"

"ကြီးမြ ရော နေကောင်းလား ကိုလေး "
" ကောင်းပါ့ ဒေါင်ဒေါင်မြည်ပဲ ညီမလေးအကြောင်းတော့မေးတယ်"

" ဟုတ်.. ကိုလေး "

" ဒါနဲ့ လကုန်မှ အလုပ်လျောက်ရမှာဆို အခုရော နေရတာ အဆင်ပြေရဲ့လား "

" ပြေပါတယ် ကိုလေး "

" အေး...အေး အဲ့တာဆို ဒါပဲလေ လိမ်လိမ်မာမာနေ ကြားလား"

" ဟုတ်....ကိုလေး"

ကိုလေး ဖုန်းချသွားတော့ ကိုလေးနာပါတ်ကို contant ထဲ ပြန်မှတ်လိုက်တယ်

ရေချိုးခန်းထဲက သွေး ထွက်လာတော့

" ခေါင်းလျော်တာ လား "

" ဟုတ်...."

"ညနေစောင်းကြီးခေါင်း မလျော်ရဘူးလေ သွေး ရဲ့ နေထိုင်မကောင်းဖြစ်နေမယ် လက်က လဲ အနာနဲ့ကို"
မိစုံဖစုံ က ညနေပိုင်းခေါင်းမလျော်ရဘူးလေ လို့ ပြောချင်ပေမယ့် အဲ့စကားကို သွေးကြိုက်မှာ မဟုတ်လို့ လွှဲပြောလိုက်ရတယ်

" လာ ဒီကိုလာ.....သဘက်ယူလာခဲ့ "

" ဟုတ် " ဖြေပြီး သွေး က သဇင့် အနားမှာ လာထိုင်တယ်

သဇင် က သဘက်လေးကိုယူလိုက်ပြီး သွေး ရဲ့ ဆံပင် ကို ရေခြောက်အောင် သုတ်ပေးလိုက်တယ်

" မ သက်သာလားဟင်"

" အင်း အခုတော့ သက်သာနေပါပြီ "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now