အပိုင်း (၁၁)

644 20 0
                                    

သွေး လျောက်လာရင်း ဗိုက်ဆာတာနဲ့ ထမင်းဆိုင်ဝင်ပြီး ထမင်းစားလိုက်တယ်........ စားပြီးတော့ သဇင် ကို သတိယကာ

( အွန်း သစ်သီးလေးတွေ ဝယ်သွားရင် ကောင်းမယ်) ဟုတွေပြီး
သစ်သီးဆိုင်ဘက် ထွက်ခဲ့လိုက်တော့

လမ်းလျောက်လာရင်း သွေး မေမေ ပိုင်တဲ့ ဖုန်းဆိုင်ရှေ့ရောက်တော့ မေမေ့ ကို လွမ်းပြီး မျက်ရည်ပါဝဲတက်လာတယ်

မေမေ့ အကြောင်းတွေမိတိုင်း ဦးဟံသာ ဆိုတဲ့ သွေးရဲ့ အဖေ နဲ့ ဒေါ်မိုးမြင့်သူဇာ တို့ နှစ်ယောက်လုံးကို အသည်းထဲနင့်နေအောင် မုန်းမိတယ်

သွေး လဲ သဇင် ကိုင်တဲ့ ဖုန်းလေးက Model နိမ့်တယ် ဆိုတာကို သတိယ သွားပြီး ဖုန်းဆိုင်ထဲကို ဝင်လာခဲ့တော့တယ်

သွေး ကို မြင်တော့ အရောင်းဝန်ထမ်းလေးက

" ဟင် အမ ဆိုင်ကိုလာတယ် "

" ဘာလဲ မလာရဘူးလား "

" မဟုတ်ပါဘူး အမရယ် အံသြလို့ပါ "

" နောက်မှ အံသြ အခုလောလောဆယ် Oppo ထဲက နောက်ဆုံးပေါ် ဘာရှိလဲ "

" ဆယ်သိန်း အထက် လား အမ"

" အွန်း ဆယ်သိန်း ဝန်းကျင်လောက်ပဲ "

" အခု လောလောဆယ် Oppo မှာ ဆယ်သိန်းဝန်းကျင်ဆိုရင်

F- series. ထဲ က ရှိတယ် F 21 pro ပါ အမ "

" Ram က ဘယ်လောက်ပါလဲ "

" ခုလောလောဆယ် တော့ 6/128 ပါ "

" အေး ငါ့နာမည် နဲ့ နှစ်လုံးဘောင်ချာဖြတ်လိုက် "

"ဟုတ် အမ နှစ်လုံးနော် "

" အင်း ဟုတ်တယ် ထည့်ဖို့လိုတဲ့ ဆော့ဝဲလ် တွေ အကုန်ထည့်ပေး ၊ ပြီးတော့ Myanmar Net. sim card ရှိသေးလား"

" ဟုတ် ရှိသေးတယ် "

" အေး တစ်ကဒ်ထည့်ထားပေး ဟိုဘက် ဝယ်စရာရှိတာ သွားဝယ်လိုက်ဦးမယ် ပြန်လာရင် ဝင်ယူမယ်"

" ဟုတ် အမ လုပ်ထားလိုက်ပါ့မယ် "

သွေး လဲ ဝန်ထမ်းလေးကို မှာစရာရှိတာ မှာပြီး သစ်သီးဆိုင်ကို ဆက်လာခဲ့လိုက်တယ်

သဇင် ဘာကြိုက်တက်မှန်းမသိတော့ စိတ်ထဲရှိရာ လက်ညိုးထိုးပြီး ဝယ်လာကာ ဆိုင်ကို ဖုန်းယူ ဖို့ ဝင်လိုက်တော့

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now