အပိုင်း (၃)

647 24 0
                                    

သဇင် လဲ အိပ်ယာနိုးလို့ နာရီကြည့်လိုက်တော့ ညနေ ၃နာရီခွဲပင် ရှိနေပြီ မနက်ထဲက ဘာမှမစားရသေးတော့ ဗိုက်ကအတော်လေးကို ဆန္ဒပြနေပြီ ဖြစ်သည် ။

ဘေးကုတင်က သွေးကိုကြည့်လိုတော့ မရှိပေ သဇင် လဲ အိပ်ယာ က နေ ထပြီး အပြင်ကို ထွက်ကြည့်တော့ မယုယ ကို တွေ့လိုက်တယ် ဒါနဲ့
" မမ "
" အော် သဇင် နိုးပြီလား"

" ဟုတ် နိုးပြီ ရေချိုးတာ ဘယ်မှာ ချိုးလဲ ဟင် သဇင်ရေချိုးချင်လို့ "

" ဟင် အခန်း ထဲ မှာ ရေချိုးခန်း အိမ်သာ ပါပြီးသားလေ "

"သွေးရဲ့ ကုတင် ဘေးက နေ ပတ်သွားလိုက် အနောက်မှာ မီးဖိုချောင်ရော ၊ ရေချိုးခန်းအိမ်သာရော ရှိတယ် "

" ဟုတ် မမ "

" ရေချိုးဆပ်ပြာဘာညာ ပါတယ် မို့လား "

"ဟုတ်ပါပါတယ် မမ "

" အေးအေး ကိုယ့်ပစ္စည်း နဲ့ ကိုယ်သုံး ရေချိုးပြီးထွက်လာမှ အဆောင်စည်းကမ်းတွေ ပြောပြမယ်"

" ဟုတ် မမ " သဇင် လဲ မယုယ ကို ပြောပြီး အခန်းထဲ ပြန်ဝင်လာကာ မယုယ ပြောသလို သွားကြည့်မိတော့ ရေချိုးခန်းကိုတွေ့လိုက်တယ်

သဇင် လဲ ပြန်ထွက်လာပြီး အဝတ်စားလဲကာ ရေအမြန်ချိုးလိုက်တယ် ရေပန်းနဲ့ မချိုးဘူးတာကြောင့် ခေါင်းမှာလဲ ရေတွေစိုလို့

သဇင် အင်္ကျီ အမြန်ဝတ်ပြီး မယုယ ဆီ ပြန်ထွက်လာလိုက်တယ် " မမ သဇင် ရောက်ပြီ"
"အေး သဇင် ထိုင်"သဇင် ထိုင်လိုက်တော့ မယုယက
" အဆောင်မှာ စည်းကမ်း ၃ ချက် ရှိတယ်
နာပါတ် က အဆောင်သူအချင်းချင်းရန်ဖြစ်စကားမများရဘူး
ကိုယ့်ပစ္စည်း နဲ့ ကိုယ် သုံးရမယ်
နာပါတ် ၂ က အဆောင် အတွင်းကိုမည်သည့် ဧည့်သည်မှခေါ်မရဘူး တွေ့ချင်ရင် အပြင်မှာထွက်တွေ့လိုပဲရမယ်
နာပါတ် ၃ ည၉နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မရှိဘူး ခြံတံခါးသော့ခတ်မှာ ဖြစ်လို့ " သဇင် နားထောင်နေတော့ " အမ ပြောတာတွေ သေချာမှတ်ထား နော် " " ဟုတ်ကဲ့ပါ မမ "

" မနက်ဖြန် အစ်မ နဲ့ ရုံးရှေ့ မှာ Labour Card သွားလုပ်ရမယ် ကြားလား အဲ့တာပါမှ အလုပ်လျောက်လို့ ရမှာ "

အမုန်း၏ အခြား တဖတ် ၌On viuen les histories. Descobreix ara