အပိုင်း (၅)

622 22 0
                                    

မနက်မိုးလင်းတာနဲ့
သဇင် လဲ ထလိုက် ပြီး ရေမိုးချိုးကာ မယုယ နဲ့ အပြင်သွားဖို့အတွက် ပြင်ဆင်လိုက်တယ်
သွေး ကို ကြည့်လိုက်တော့ မနိုးသေး

(ဟွန်း အတော် အိပ်ပုတ်ကြီးတာ) ဟု တွေးကာ ပြုံးမိလေသည်

သဇင် လဲ တံခါးဖွင့်ပြီး မယုယ ကို ထွက်ကြည့်မိတယ် မတွေ့တာနဲ့ ဖုန်းဆက်လိုက်ပြီး

" ဟဲလို မယု"
" အေး သဇင် ပြော"
" မယု ဘယ်ချိန် သွားမှာလဲ ဟင် "

" ၉ နာရီလောက်မှ သွားမှာလေ ဘာဖြစ်လို့လဲ "
" ဟီး သဇင် က အစောကြီးသွားမယ် ထင်လို့ ပြင်ဆင်ပြီးနေပြီ "

" အယ် Labour ရုံး က ၉ နာရီလောက်မှ ဖွင့်မှာလေ "

" ဟုတ်.... ဟုတ် "

သဇင်လဲ ပြောပြီး ဖုန်းချလိုက်ကာ ဘာလုပ်ရမှန်းမသိတော့ ဖုန်းပဲ သုံးနေလိုက်တယ်

သွေး နှိုးလာတယ် ထင်ပါ့ အပျင်းဆန့်သံလေး ကြားလိုက်ရတယ်

လှည့်ကြည့်မိတော့ သဇင် ဘက်ကို ကြည့်နေတဲ့ သွေး နဲ့ မျက်လုံးချင် ဆုံးသွားတယ်

အကြည့်ချင်း ဆုံ တော့ သွေး က မျက်စောင်းထိုးပြီး တစ်ဖက်လှည့်သွားလေသည်

သဇင် လဲ ဖုန်းကိုဆက်ပြီး သုံးနေလိုက်တယ်

=======================

(အမယ် ဒီတောသူ မ က ဒီလိုကျတော့ဘယ်ဆိုးလို့လဲ)
အင်္ကျီအဝါရောင် ၊ ထဘီက အနက်လေးနဲ့ တွဲ ဝတ်ထားပြီး မျက်နှာမှာ သနပ်ခါးပါးပါးလေး လေးလူးပြီး နှုတ်ခမ်းနီပါးပါးလေးဆိုထားသေးသည်။ တစ်ခြားတောသူတွေ လို မိတ်ကပ်မလူးတက်လူးတက်နဲ့ ပြာကော့နေအောင် လိမ်းပြီး နှုတ်ခမ်းနီ ကို မညီမညာအထူကြီးဆိုးထားတာမျိုး မရှိ

အစောကြီး ပြင်ထားပုံထောက်တော့ အပြင်သွားဖို့နဲ့ တူတယ် ဟုတွေပြီး သွေး လဲ ထ ကာ ထုံးစံ အတိုင်း ဘေးနားရှိတဲ့ ရေသန့်ဗူးကို ယူကာ တစ်ဗူး ကုန်အောင် သောက်လိုက်တယ်

ခေတ်သဇင်လှိုင် ဆိုတဲ့ တစ်ယောက်ကို ခြေထောက်လေးတက်နင်းမိယုံနဲ့ ဒီလောက်ထိ မုန်းနေရတဲ့အကြောင်းကို သွေး ကိုယ်တိုင် လဲ နားမလည်နိုင်
===================

၉နာရီထိုးတော့ မယုယ ဆီက ဖုန်းဝင်လာတယ်
သဇင်လဲ ကိုင်လိုက်ပြီး

" ဟဲလို မယု"
" အေး သဇင် သွားမယ် ထွက်ခဲ့တော့ "
" ဟုတ် မယု "
" သွေးကို မေးခဲ့ဦး အပြင်သွားဖို့ရှိလားလို့ ရှိတယ် ဆို သော့တစ်ချောင်းယူခဲ့"
" ဟုတ်" ခက်ပြီ သွေးကိုဘယ်လို စကားပြောရမလဲ ညကမှ သဇင် ကို ပြောဆိုလုပ်ထားတာဆိုတော့ မထူးတော့ပါဘူးလေ

သဇင် လဲ သွေး ကုတင်နားသွားကာ နာမည်ခေါ်မနေတော့ပဲ တစ်ဖက်လှည့်ပြီးထိုင်နေတဲ့သွေး ကို လက်ကုတ်လိုက်တယ်
သွေးက လဲ မျက်မှောင်ကြုတ်ကာ လှည့်ပြီး

"ဘာလဲ "
" အပြင်သွားစရာရှိသေးလားဟင်"

" မင်း နဲ့ ဘာဆိုင်လို့လဲ"
" ဟို မယု က အပြင်သွားမယ်ဆို သော့တစ်ချောင်းပေးလိုက်ပါတဲ့"

" ကျွတ် အာရုံပဲ ရော့ ဖြုတ်ယူသွား" ဟုပြောပြီး ကုတင်ခေါင်းရင်းမှာ ထားတဲ့ သော့တွဲလေးကို လှမ်းပေးသည်

သဇင် လဲ ဖြုတ်ယူလိုက်ပြီး ေသာ့တွဲ ကို ကုတင်ပေါ်ပြန်ချ ကာ ထွက်ခဲ့လိုက်တော့သည်။

" မယု သွားမယ် သဇင် ရောက်ပြီ "

" အေးအေး သွားမယ် သဇင် က လှသားပဲ"

" အာ မယုကလဲ မမြှောက်ပါနဲ့"

" ဒါ နဲ့ သွေး နဲ့ နေရတာ အဆင်ပြေရဲ့လား"

(မေးတက်ပါပေ့ မယု ရယ်) ဟု တွေးလိုက်ပေမယ့်

" ဟုတ် ပြေပါတယ် မယု"

" အေး အေး အဆင်ပြေအောင်နေ ရန်မဖြစ်ကြနဲ့ကြာလား"
"ဟုတ် မယု " စကားပြောရင်း ကားမှတ်တိုင်ကို နှစ်ယောက်သား ေလျာက်လာလိုက်တယ်

အပိုင်း ၆ မျော်ရန်

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now