အပိုင်း (၁၄)

638 19 0
                                    

မျက်နှာသစ်ပြီးလို့ ရေချိုးခန်းက နေ ထွက်လာတဲ့ သွေး က

" မ ဘာစားချင်လဲ "

" မီးပျက်နေလို့ သွေး ရဲ့ မီးလာမှ ပဲ ထမင်းချက်ပြီး အဆင်ပြေသလိုစားလိုက်တော့မယ် "

" Breakfast ကို မေးတာပါ သွေး သွားဝယ်မလို့"

" သဇင် တော့........အို" သဇင် ရဲ့ နှုတ်ခမ်းပေါ်ကို နူးညံ့လှတဲ့ သွေး ရဲ့ နှုတ်ခမ်းက ထပ်တူကျသွားတယ်

" သွေး ဘာလုပ်တာလဲ "

" နောက်တစ်ခါ မ လို့ မသုံးပဲ သဇင်လို့ သုံးရင် တစ်ခါပြော တစ်ခါနမ်းမယ် "

" သွေး ရယ် အာ့လိုတွေ မလုပ်ပါနဲ့ "

" လုပ်တော့ရော ဘာဖြစ်လဲ"

" သွေး အခုလို လုပ်နေတာတွေက ဟိုညက ကိစ္စတွေအတွက် အားနာလို့လား "

" မ....ဘာပြောလိုက်တယ် " သွေး အသံက အတော်လေးပင် ကျယ်လောင်သွားတယ်

" တကယ်ပြောတာပါ သွေး ရင်ထဲက မပါတာကို သဇင် ဘာမှ မလိုချင်ဘူး "

" မ... တော်လိုက်တော့ ဆက်မပြောနဲ့ သွေးကို မစော်ကားနဲ့"

နှစ်ယောက်ကြား ခဏတာ မျှ တိတ်ဆိတ်သွားပြီးနောက်

" မ " တိတ်ဆိတ်ခြင်းကို သွေး က အရင်ဖြိုခွင်းလိုက်တယ်

" ......" သဇင် က တော့ ဆက်လတ်တိတ်ဆိတ်နေမိသည်
သဇင် နဲ့ သွေး က လုံးဝ မဖြစ်နိုင်ဘူး ကိုလေး နဲ့ ကြီးမြ က လဲ လက်ခံနိုင်မှာ မဟုတ်ဘူး

" မ သွေး ခေါ်နေတယ် လေ "

" သဇင် အခန်းပြောင်းတော့မယ် " ရုတ်တရတ်ထပြောလိုက်တဲ့သဇင်ကြောင့် သွေး စိတ်အရမ်းတိုသွားပြီ

" ခင်ဗျား ဗျာ ဒီကောင် ဖာသီဖာသာ နေတုန်းက ခင်ဗျားပဲ ကျုပ် ရင်ထဲ တိုးဝင်ခဲ့တာဗျ အခု ကျုပ်ရင်ထဲကို ထည့်လိုက်မိပြီးမှ ခင်ဗျား က ဒီစကားလုံးသုံးလာတာ ကျုပ်ကို သက်သက် လှည့်စားတာလား ဟင် ပြောစမ်းပါ ကျုပ်ကို" ဒေါသတကြီးပြောရင်း မျက်ရည်တွေ ကျလာတဲ့ သွေးကို စိတ်ပူသွားပေမယ့် ရှေ့ဆက်ဖို့ကလဲ အဆင်မှမပြေနိုင်တာ

" ဟာကွာ " သွေး က စိတ်လွတ်သွားပြီး နံရံ ကို အဆက်မပြတ် ထိုးချလိုက်တော့တယ် မနေ့က ဒဏ်ရာက မပျောက်သေးတာကြောင့် နာကြင်မှုက မချိမဆန့်ပင် ဒါပေမယ့် လက်က ဒဏ်ရာ သွေး ရင်ထဲက နာကြင်မှုကိုတော့ မမှီ

အမုန်း၏ အခြား တဖတ် ၌Où les histoires vivent. Découvrez maintenant