အပိုင်း (၁၉)

593 13 0
                                    

သဇင့် ရဲ့ ဖုန်းလေး မြည်လာလို့ကြည့်လိုက်တော့ မယု ဆက်တာ

"ဟဲလို မယု"

" သဇင်ရယ် ကိုလင်းကို ဘာတွေ ပြောလိုက်တာလဲ စိတ်ညစ်လိုက်တာ "

" ပြောသင့်တယ် ထင်လို့ပါ မယုရယ် "

" အေး အဲ့တာ အရေးမကြီးဘူး မနက်ဖြန်လိုက်လာမှာ ဘယ်လိုလုပ်ကြမလဲ "

" ဖြစ်လာသမျှ ရင်ဆိုင်ရမှာပေါ့ "

" အေးအေး....သဇင် ဘာပဲ ပြောပြော အားတင်းထားနော် မယု ရှိတယ် "

" ဟုတ်...ကျေးဇူးပါ မယု"

" အင်း....အင်း အိပ်ပျော်အောင် အိပ်ကြနော် "

" ဟုတ်ကဲ့ပါ...မယု "

သဇင် လဲ ဖုန်းချ လိုက်ပြီး

" သွေး....."

" ဗျာ...မ "

" ဘာမွ စိတ်မပူနဲ့နော် သွေး ဘက်မှာ မ ရှိတယ် ဘာအကြောင်းနဲ့ မွ သွေးကို မ,  မထားခဲ့ဘူး ယုံတယ်မို့လား"

" ယုံပါတယ် မ ရယ် " ဒီတစ်ခါတော့ သွေး က သဇင့်ရင်ခွင်ထဲကို တိုးဝင်လာတယ်

(စိတ်ချပါကလေးရယ်) သဇင် ...သွေး ရဲ့ခေါင်းလေးကို ပွတ်ပေးနေမိတယ် ဒီကေလး အားငယ်နေမယ်ဆိုတာ သွေး သိတာပေါ့

သွေး က သဇင့် ရင်ခွင်ထဲမှာ အိပ်ပျော်သွားပေမယ့်
သဇင် က တော့ မနက်ဖြန် ကိုလေး ရောက်ရင် ဘယ်လိုအခြေနေထိ ဖြစ်သွားမလဲ ဆိုတာ သဇင် ကိုယ်တိုင် တွေးပြီး ရင်မောနေရတယ်

ကေလးကို ငုံ့ကြည့်လိုက်တော့ အိပ်မောကျနေလေ ရဲ့ (ချစ်တယ် ကလေးရယ်)  သွေး ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်မိတယ်

ဒီလိုနဲ့ မိုးသာလင်းသွားတယ် သဇင် တစ်ရေးမှ မအိပ်လိုက်ရ

" ကေလး ထ တော့လေ မျက်နှာသစ်ရအောင်"

" ဒီလိုလေးနေချင်လို့ပါ မ ရယ် သွေးကို မနှိုးပါနဲ့" ဟင်ဒါဆို ကေလး က နိုးနေတာပေါ့

" တစ်ညလုံးလဲ နေပြီးပြီကို ထ တော့ မျက်နှာသစ်ပြီး တစ်ခုခုလေးစားရအောင်လေ"

" သွေး မအိပ်ရသေးဘူး မ ခေါင်းတွေ အရမ်းမူးနေတယ် "

" အမယ် တစ္ညလုံး အိပ်နေပြီးများ မ သာ မအိပ်ရသေးတာပါနော် "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now