အပိုင်း (၁၀)

695 20 0
                                    

သဇင် အိပ်ပျော်သွားတာလေးကို ကြည့်ပြီး သွေး သနားနေမိသည်။ ဒေါ်မိုးမြင့်သူဇာ အပေါ် မုန်းတဲ့အမုန်းတွေကြောင့် လူမှားပြီး သွေး ကျူးလွန်းခဲ့မိတာ ဖြစ်တဲ့အတွက် ဘယ်လောက်ထိ သူခမျ ခံလိုက်ရမယ်ဆိုတာ သွေး သိပါတယ်(ကိုယ့်လက်စ ကိုယ်သိသည်ဆိုတဲ့သဘော)

စိတ်ရှိလက်ရှိ အပြစ်ပေးလို့ရနေရဲ့သားနဲ့ လိမ်မာဖို့သာ တောင်းဆို တဲ့ သဇင် ကို လဲ နားမလည် ။ တွေ့ကြတာ ရက်ပိုင်းလောက်ပဲ ရှိသေးတဲ့ အခိုက်အတန့်လေးမှာ ဒီအမျိုးသမီးက ဘာလို့ ဒီလောက်သည်းခံနိုင်စွမ်းတွေ များနေရတာလဲ

"ဒေါက်......ဒေါက် "
တံခါးခေါက်သံကြားလို့ သွေး ထဖွင့်လို့တယ်

" အော် မယု လာလေ "

" သဇင် သက်သာလား "

" အိပ်နေတယ် မယု "

"သတိထားသိလား ဒေါ်သွေးဟေမာန် သိပ်မပြောချင်ဘူး"

မယု ပြောတော့ သွေး လဲ ခေါင်းငုံ့ပြီး ငြိမ်ခံနေလိုက်တယ်
ဟုတ်တော့ လဲ ဟုတ်ပါတယ် သဇင် က သူ့ယောင်းမ ေလာင်းလေ တစ်ခုခု ဆို မယု ပဲ ပြဿနာတက်ရမှာ

" ရော့ နိုးလာရင် ဒီဆန်ပြုတ်လေးတိုက်လိုက်"

ပြောရင်း မယု က သွေး လက်ထဲကို သုံးဆင့်ချိုင့်လေးထိုးပေးသည်။

" ဟုတ်....မယု "

" လက်က ဘာဖြစ်တာလဲ " မယု က သတိထားမိသွားတယ် ထင်တယ်

" ဟို ဘာမှ မဖြစ်ပါဘူး"

" အေး လုပ်ချင်တာလုပ်ပြီးမှ ပေါက်ကွဲတော့ရော အသားနာတာပဲ အဖက်တင်တယ် လျောက်လုပ်မနေနဲ့"

" ဟုတ် "

" ပြောလုပ်လိုက်တဟုတ်ဟုတ် နဲ့ "

ပြောပြီး မယုက ပြန်ထွက်သွားတယ် သွေး လဲ စိတ်တွေရှုပ်နေတာနဲ့ ဆေးလိပ်သောက်ဖို့ အိတ်ထဲက ဆေးလိပ်နဲ့ မီးခြစ်ကို ထုတ်ပြီး မီးညှိလိုက်တယ်

" သွေး " သဇင့် ရဲ့ ခေါ်သံ

" မ နိုးပြီးလား "

" အင်း " ဖြေရင်း ကုတင်ပေါ်က ဆင်းကာ သွေး နားကို လျောက်လာတယ် လမ်းလျောက်နိုင်ပြီဆိုတော့ သက်သာလာပြီထင်ပါတယ်

အမုန်း၏ အခြား တဖတ် ၌Onde as histórias ganham vida. Descobre agora