အပိုင်း (၁၅)

661 18 0
                                    

သွေး ရဲ့ ရင်ခွင်ထဲ မှေးစက်နေရင်း က နေ

" သွေး " သဇင် က ခေါ်လိုက်တော့

" ဗျာ.... မ "

" မ ကို ဘာလို့ ချစ်တာလဲဟင် အဲ့တာလေးတော့ မ သိချင်တယ်"

" သွေး လဲ မသိဘူး အရင်က သွေးခြေထောက်ကိုတက်နင်းလို့ အမြင်မကြည်ခဲ့ဘူးဆိုတာ မှန်တယ် အမှန်တိုင်းပြောရရင် သွေးဘက်က ရင့်ရင့်သီးသီးတွေပြောနေတာတောင် မ က တစ်ချက်လေး မျက်နှာမပျက်ပဲ သွေး ကို ဂရုစိုက်ပေးခဲ့တာကြောင့်ဖြစ်မယ်"

"  မ က သွေးကိုဘာတွေ များ ဂရုစိုက်မိလို့လဲ "

" သွေး အပြင်မှာ ဆေးလိပ်သောက်နေတဲ့ ညကလေ မ ရဲ့ အင်္ကျီလေး လာခြုံပေးတာ မှတ်မိသေးလား"  သဇင်လဲ ပြုံးလိုက်ပြီး

" မှတ်မိတာပေါ့ အဲ့ အင်္ကျီလေး က မ အနှစ်သက်ဆုံး အင်္ကျီလေးလေ"

" အဲ့ညက ဆို မ က ဖက်ထားပေးသလိုပဲ တကယ်ကိုနွေးနေတာ"

" အမယ် စကားတွေ တက်နေတာ "

" ချစ်တက်သွားလို့နဲ့ တူပါတယ် " သွေး က ရယ်ကျဲကျဲနှင့်ပြောလာတော့ သဇင် လဲ မော့ကြည့်လိုက်ရင်း အသည်းယားလာကာ
သွေး ရဲ့ မေးဖျားလေးကို နမ်းလိုက်မိတယ်

" ဟာ....မ " သွေး က ဝမ်းသာအားရ ထ ခေါ်တော့
သဇင် လဲ ရှက်ပြီး ခေါင်းပြန်ငုံလိုက်တယ်

" မ ရယ် ခေါင်းလေးမော့ပါဦး မျက်နှာလေး မြင်ချင်လို့"

" တော်ပြီကွာ အပြင်သွားရအောင် ဗိုက်ဆာနေပြီ မီးကလဲလာဦးမှာ မဟုတ်ဘူး တစ်ခုခု သွားဝယ်ရအောင် " သဇင် တမင် ရှောင်ထွက်လိုက်တာ ဖြစ်သည်။ နှစ်ယောက်သားရင်ခုန်သံတွေ မြန်နေတော့ တစ်ခုခုထပ်ဖြစ်လာနိုင်တာကို တွေးမိသွားလို့လေ

" မ က သွေး ရှိနေတာကို ဗိုက်ဆာနေသေးတယ်ပေါ့ "

" သွေးရယ်ကွာ မဆိုးနဲ့ မနက်ထဲက ဘာမှမစားရသေးတာ မ ဆေးသောက်ဖို့လဲ ရှိတယ်လေ "

" ဟုတ်ပါပြီဗျာ လာ သွားရအောင် "  သွေး က သဇင့်လက်လေးကို ဆွဲ ပြီး သဇင့်ရဲ့ဖုန်းနဲ့ သူ့ဖုန်းကို နှစ်လုံးထပ်ကိုင်ပြီး ထွက်လာလိုက်တယ်

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now