ဇာတ်သိမ်းပိုင်း

1.3K 36 2
                                    

သွေး မျက်လုံးနှစ်လုံးဖွင့်ကြည့်လိုက်တော့ ရင်ခွင်ထဲက နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ အရမ်းရဆုံးသော အမျိုးသမီးလေးကို ကြည့်လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်တယ်

" နိုးလာရင်လဲ ငြိမ်ငြိမ်လေးနေကွာ မ အိပ်ချင်သေးလို့ "

" ဟင် ခိုးနမ်းပါတယ် ဆိုမှ မ က နိုးနေတာ လား "

" သွေး နမ်းလိုက်လို့ နိုးသွားတာ " မ အပြောကြောင့် သွေး သဘောကျစွာ ရယ်လိုက်ပြီး

" မ အိပ်ချင်သေးရင် ဆက်အိပ်လေ သွေး တော့ ရေမိုးချိုးပြီး Breakfast စားဖို့ တစ်ခုခု သွားဝယ်လိုက်ဦးမယ် "

" သွေး သွား မ လဲ လိုက်မှာပေါ့ "

" အာ့ဆို ထ တော့လေ မ ရဲ့ သွေး ဗိုက်ဆာနေလို့ "

" Morning Kiss ပေးဦး " မတောင်းစဖူးတောင်းလိုက်တဲ့ မ ကို သွေး အံသြသွားရတယ် ပြီးတော့ ပြုံးလိုက်ရင်း

" အခုဏ ပေးပြီးပြီလေ " မ က နှုတ်ခမ်းလေဆူပြီး

" ဘာလဲ ထပ်မပေးချင်တော့တာလား သိပါတယ် သွေး က မ အပေါ် မချစ်တော့ဘူး ဆိုတာကို " မ က ခါတိုင်းနဲ့ မတူပဲ သွေး ကို ချွဲနေလေသည် သွေး လဲ အသဲယားလာပြီး

" စိန်ခေါ်နေတာ တွေ့မယ် " ဟု ပြောလိုက်ပြီး မ ရဲ့ နှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်းလေး နမ်းရှိုက်လိုက်တယ်

" ဟိုးထား ဒေါ်သွေးဟေမာန် Morning Kiss ပဲ တောင်းတာ " သွေး ကို လက်လေးနဲ့ တွန်းလိုက်ပြီး မျက်စောင်းထိုးကာ ပြောလာတယ်

" မ က အသဲ ယားအောင် လုပ်နေတာကို " ဟု ပြောပြီး ပါးပြင်လေးအား နမ်းလိုက်တယ်

" အွန်း ရပြီး ရေချိုးတော့မယ် " မ က သွေးရင်ခွင်ထဲကနေ ထွက်ပြီး ထိုင်လိုက်တော့ နောက်ကနေဖက်ပြီး

" ချစ်တယ် မ ရယ် "

" မ လဲ သွေး ကို အရမ်းချစ်တယ် " ဆိုပြီး သွေးပါးလေးကို နမ်းလိုက်ရှာတယ်

" Breakfast စားပြီး အိမ်သွားရအောင်နော် မ"

" မ လိုက်လို့ဖြစ်ပါ့မလား "

" ဘာလို့ မဖြစ်ရမှာ မ ကို သွေး က ကာကွယ်ပေးမှာ " သွေးက လက်မောင်းကို လုပ်ပြတော့ မ က ရယ်လေတယ်

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now