Part(18)Uni/Zaw

15.9K 747 177
                                    

Unicode

" အချစ် "

" ဟင် "

ပြွက်!

'ကမ္ဘာ' လှည့်ကြည့်လာသည်နှင့် 'နယ်မြေ' က 'ကမ္ဘာ' ၏နှုတ်ခမ်းတို့အား စုပ်ယူနမ်းရှိုက်လာသည်။ ဘေးတိုက်အနေအထားမှ 'နယ်မြေ' က 'ကမ္ဘာ' ၏ကိုယ်ပေါ်သို့အုပ်မိုးလိုက်ကာ နှုတ်ခမ်းအားမွတ်မွတ်သိပ်သိပ်နမ်းရှိုက်ရင်း လက်တို့က
'ကမ္ဘာ' ၏အကျီအောက်ထဲလျှိုဝင်ကာ ပွတ်သပ်နေသည်။

" ဟင်း!! အချစ်.. မောင်တို့ချစ်ရအောင် "

" မောင့်သဘော "

ပြွက်!

ဒေါက်! ဒေါက်!

" ပါပါး!! Daddy!! "

'မြူငယ်' ၏အသံကြားသည်နှင့် 'ကမ္ဘာ' က 'နယ်မြေ' ၏ရင်ဘတ်အား တွန်းလာသဖြင့် 'နယ်မြေ' ကျစ်! တစ်ချက်စုတ်သပ်ကာ

" မွေးရကျိူးနပ်တဲ့သားလေး
အရှိန်တက်နေရင် ရောက်ရောက်လာပြီ "

'နယ်မြေ' ကပြောတော့ 'ကမ္ဘာ' ကရယ်ကာ

" တံခါးသွားဖွင့်ပေးလိုက်ဦး "

ပြွက်!

" ခဏနေမှ ပြန်ဆက်မယ် "

'နယ်မြေ' ကထိုသို့ဆိုကာ အိပ်ယာထဲမှထ၍
တံခါးသွားဖွင့်ပေးလိုက်သည်နှင့် 'မြူငယ်' ကအခန်းထဲ ဝင်ကာ ကုတင်ပေါ်တက်၍ အိပ်ယာထဲကျောမှီထိုင်နေသည့် 'ကမ္ဘာ' ၏ရင်ခွင်ထဲဝင်ကာ လှဲ၍

" သားဒီည ဒီမှာအိပ်မှာ "

" ဘာကြီး!! "

'နယ်မြေ' က ကုတင်ခြေရင်းဘက်တွင် လက်နှစ်ဖက်ခါးထောက်ကာ ထအော်တော့ 'မြူငယ်' က 'ကမ္ဘာ' ၏ရင်ခွင်ထဲခေါင်းအတင်းတိုးဝေ့ကာ
ခါးကိုဖက်လျက်

" ပါပါး... သားဒီမှာအိပ်ချင်လို့... "

" 'လွမ်း' နဲ့ စကားများကြတာလား "

" သားသူ့ကို စိတ်ဆိုးနေတာကို သူက
မချော့ဘူး ပစ်ထားတယ် "

'မြူငယ်' ကနှုတ်ခမ်းလေးထော်ကာ ဆူပုတ်ပုတ်လေးပြောတော့ 'ကမ္ဘာ' ကပြုံးကာ 'မြူငယ်' ၏ဆံပင်တို့အား သပ်တင်ပေးလိုက်သည်။
'နယ်မြေ' ကတော့ အခန်းတံခါးရှေ့သွားကာ
အပြင်ကိုခေါင်းပြူထွက်လျက်..

You're My Beloved ( COMPLETE )Where stories live. Discover now