1

11.8K 153 33
                                    

ဘာဒါ ဒီနေ့ အိမ်စပြောင်းတယ်။

အရင်က မိဘတွေနဲ့ အတူတူနေပေမယ့်
အိမ်နဲ့ကျောင်းနဲ့ ဝေးတာကတစ်ကြောင်း
အရွယ်ရောက်နေတဲ့ လူငယ်တစ်ယောက်အနေနဲ့
တစ်ယောက်ထဲ နေချင်တာကတစ်ကြောင်းကြောင့်
ကျောင်းနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်မှာ တိုက်ခန်းငှားနေလိုက်တယ်။

ဘာဒါက
Korean National University Of Art မှာ
Cinemaphotography မေဂျာ ယူထားတယ်။
ဘာဒါတို့အိမ်က ဆောက်လုပ်ရေးCompanyပိုင်ရှင်ဆိုပေမယ့်
ဘာဒါ့ဝါသနာကိုတော့ မတားပဲ မြေတောင်မြှောက်ပေးတယ်။
အခု ကျောင်းနားနေချင်တယ်ဆိုတော့လည်း
တိုက်ခန်းငှားပေးတယ်။
တိုက်ခန်းက အတန်အသင့်ကျယ်ပြီး
အရင်လူက အဖြူရောင်တွေသုံးထားတာကြောင့်
အလျင်စလိုတော့
ပြန်ပြင်တာမျိုးလုပ်စရာမလိုဘူးလို့ထင်တယ်။
နောက်မှ ကျောင်းက ကိစ္စတွေ မရှိတဲ့ရက်တွေမှပဲ အေးဆေးလုပ်တော့မယ်။

ဘာဒါက Korean National University Of Art မှာCinemaphotography မေဂျာ ယူထားတယ်။ဘာဒါတို့အိမ်က ဆောက်လုပ်ရေးCompanyပိုင်ရှင်ဆိုပေမယ့်ဘာဒါ့ဝါသနာကိုတော့ မတားပဲ မြေတောင်မြှောက်ပေးတယ်။အခု ကျောင်းနားနေချင်တယ်ဆိုတော့လည်းတိုက်ခန်းငှားပေးတယ်။တိုက်ခန်းက အတန်အသင်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပစ္စည်းတွေကတော့ သိပ်လည်းယူမလာတဲ့အပြင်
အိမ်ကအလုပ်သမားတွေ နေရာလာချပေးတာမို့ ခဏလေးနဲ့ပြီးသွားတယ်။

ရေဝင်ချိုးပြီး
အဝတ်အစားကတော့
အမြဲတမ်းဝတ်နေကျ cargo pantအပွကိုမှ crop topအကျပ်လေးနဲ့တွဲဝတ်လိုက်ပြီးအပေါ်က student coatအနက်ရောင်ကိုဝတ်လိုက်တယ်။ ပတ်နေကျ နာရီလေးပတ်လိုက်ရင်း
မှန်ထဲကြည့်ပြီး ပြုံးလိုက်တယ်။
wolf cutကိုမှ အပြာရောင်High lightဖောက်ထားတဲ့ဆံပင်နဲ့
ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ဟန်က
မြင်တဲ့သူတောင် Coolဖြစ်နေတာမျိုးပေါ့။
ဒီနေ့ ဂျူဟျော့နဲ့ချိန်းထားတယ်။

အတန်းပြီးရင် Documentryတစ်ခုရုံတင်တာသွားကြည့်မယ်လို့။

ဂျူဟျော့က
ဘာဒါ့ကောင်လေး။ စီနီယာဆိုတော့
တစ်တန်းကြီးပေမယ့်
အသက်တော့အတူတူပါ။
မနှစ်ကမှ စတွဲတာဆိုပေမယ့်
သူငယ်ချင်းတွေရော
မိဘတွေရော သိကြတဲ့ အခြေအနေပေါ့။
ကျောင်းလည်းတူ မေဂျာလည်းတူတော့
ပြောရဆိုရလည်းအဆင်းပြေတယ်။
အတွေ့အခေါ်ချင်းလည်းတူတယ်။
သူက အတန်းလည်းကြီးတော့ ကိုယ့်ထက်လည်း ပိုတော်နေသလိုခံစားချက်မျိုး။
တခုခုတိုင်ပင်စရာရှိလည်း အဆင်ပြေတယ်။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now