20

3.6K 148 47
                                    

ချယ်ယောင်း ဒီနေ့ အသံလွှင့်ရုံမှာပဲ လုပ်ရမှာဆိုပေမယ့်
ဂျနီဖာက နေမကောင်းလို့
ဂျနီဖာအစား မီယာမီကို လိုက်သွားပေးရမယ်တဲ့
ရုပ်ရှင်မိတ်ဆက်ပွဲတစ်ခုရှိပြီး
အသိုင်းအဝိုင်းကြီးက လုပ်တဲ့ပွဲမို့ မီဒီယာတွေပါ ခေါ်ထားတာဆိုတော့
ကိုယ်လုပ်နေကျမဟုတ်ပေမယ့်
scheduleပြောင်းလိုက်ရတယ်။

မီယာမီကိုရောက်တော့ ရောက်နှင့်နေတဲ့ဝန်ထမ်းအဖွဲ့တွေက နေရာချပြီး လုပ်ထားနှင့်ပြီ။
သတင်းယူတဲ့အထဲတော့ ဝင်လုပ်စရာမလိုတော့ အပြင်မှာပဲ လိုတာတွေလိုက်စစ်ပေးဖြစ်တယ်။

ပွဲပြီးသွားတော့
privateပုံစံ ကမ်းခြေမှာလုပ်ကြတယ်။
အဲဒါက မီဒီယာမလိုဘူးဆိုတော့
ချယ်ယောင်းတို့အဖွဲ့တွေလည်း အေးအေးဆေးဆေးပဲ။
ပွဲထဲမှာတုန်းကတော့
Maryကို လှမ်းမြင်လိုက်တယ်။
Maryပါတဲ့ ရုပ်ရှင်projectထင်တယ်။

ညနေပိုင်း တခြားသူတွေ အခန်းထဲနားနေတုန်း
ချယ်ယောင်း ကမ်းခြေမှာ လမ်းလျှောက်မလို့ဆင်းခဲ့တယ်။
ပင်လယ်ကိုချစ်တယ်လေ..
ပင်လယ်ကိုမြင်ရတိုင်း
သူ့ကိုတွေ့ရသလို လွမ်းဆွတ်ပြီး ရင်ထဲတမျိုးခံစားရသလို
လှိုင်းတွေ ကမ်းခြေကိုပြေးလာရင်
ကိုယ့်ဆီကို ဖက်ဖို့ပြေးလာနေသလိုခံစားရလို့

ပင်လယ်ဟာ အီဘာဒါပဲလေ..

အပေါ်ကဆင်းလာရင်းက
ကမ်းခြေဘက်လှည့်ပြီး private partyလုပ်နေကြတာကို အမှတ်မထင်အကြည့်ရောက်သွားတယ်။
မင်းသား မင်းသမီးတွေလည်း ပါတော့
လူတွေကို အနားကပ်မခံပါ။
အောက်ကိုရောက်တော့ အဲဒီနားက ဖြတ်လျှောက်ရင်း
ထပ်ကြည့်မိတယ်။
ကျောပေးထိုင်နေတဲ့ ပုံရိပ်တစ်ခုက အရမ်းရင်းနှီးလွန်းမနေဘူးလား။
ဆံပင်အရှည်ကို နောက်မှာစုထုံးထားပြီး
ကျောပြင်အကျယ်ကြီးက အဝေးကတောင် မြင်သာနေတယ်။
စကားပြောရင်း ပင်လယ်ဘက်ကိုငေးတော့ ဘေးတိုက်မြင်ရင်တဲ့ နှာတံစင်းစင်းမြင့်မြင့်ကြောင့် အသက်ရှူရပ်သွားသလိုပဲ။
နေရာမှာ ရပ်ပြီး အကြာကြီး ကြည့်နေမိတယ်။

ဘာဒါမလား။
ဘာဒါပဲမလား။
မျက်စိရှေ့မှာ မြင်နေရတာကိုတောင်မယုံနိုင်ဘူး။
ဒီတခါတော့ သေချာတယ်မလား။
အနားကိုသွားကြည့်မှဖြစ်မယ်။
မသိလိုက်ခင်မှာပဲ ခြေထောက်က လှမ်းပြီးနေပြီ။
လုံခြုံရေးက လက်ကာပြီး တားပေမယ့်
ဂရုမစိုက်ပဲ အထဲကိုဝင်တော့

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now