8🌚🔞

12.2K 208 40
                                    

နှစ်ယောက်လုံးကုတင်ပေါ်ပက်လက်လှဲနေပေမယ့်
ကုတင်ဟိုဘက်အစနဲ့ဒီဘက်အစ။
ပြောရရင် သူမကို
ကလေးသုံးယောက်လောက်မွေးအောင်လုပ်ပြီး ကြားမှာ ကလေးတွေပါဝင်အိပ်လို့ရတယ်။
ဥပမာပြောပြတာပါ။

တစ်ယောက်ခန်းတစ်ခန်းကျန်တာက ပိုအဆင်ပြေမှာ..
နှစ်ယောက်ခန်းကုတင်တွေက ကျယ်လွန်းတာပဲ။
လူနှစ်ယောက်အိပ်ရုံပဲကို ဒီလောက်ကျယ်စရာလို့လို့လား..
အပြင်မှာမိုးက သည်းသည်းမည်းမည်းရွာနေတုန်း။
တကယ်တော့ မိုးလေဝသက ကြေညာထားပေမယ့်
ဒီလောက်ဆိုးမယ်လို့မထင်ထားဘူး။

လျှပ်စီးလက်တာမြင်တာနဲ့
စောင်အောင်ဝင်သွားတဲ့သူမက
မိုးချုန်းတော့ စောင်ထဲက အော်နေသေးတယ်။
အခန်းတွေက အသံမလုံဘူး။
သေစမ်း။

''မမ လာ''

ခေါ်ပြီး အနားရောက်အောင်ဆွဲချင်သွားတယ်။

သြော် ကျေးဇူးရှင် မိုးကြိုး။
မိုးကြိုးများများပစ်ပေးပါ ဘုရားသခင်။

''လာအိပ်ရအောင်''

''ဟင့်အင်း''

''လာပါ
မိုးက တစ်ညလုံးရွာမှာ
ဒီအခန်းတွေက အသံမလုံဘူး
တစ်ညလုံးထိုင်ကြောက်နေတော့မလို့လား
ဘာမှမလုပ်ဘူး လာ''

အနည်းငယ်တော့ စောဒကတက်ချင်ပုံရပေမယ့် မိုးကြိုးထပ်ပစ်မှာလည်း ကြောက်နေသေးပုံရတယ်။

ဒါပေမယ့် ဆရာမကြီးက တစ်ညလုံးတင်းခံပြီး ရင်ခွင်ထဲလုံးဝမဝင်ပဲ တင်းခံပြီးအိပ်တယ်။
အင်းပါ
လုပ်ပေါ့
သူ့မှာတော့
နှစ်ယောက်အိပ်ကုတင်ဆိုတော့ သာယာပြီထင်တာ။
စိတ်ညစ်ညစ်နဲ့ကြိတ်မှိတ်အိပ်ရတယ်။

ဘာဒါလည်တိုင်ဆီကို ဝင်သက်ထွက်သက်လေးတွေရိုက်ခတ်လို့ တရေးနိုးလာတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ နှစ်ယောက်လုံးကုတင်အလယ်မှာစုနေတာ။
တိတ်တိတ်လေးခေါင်းက်ိုမပြီး လက်မောင်းပေါ်တင်လိုက်တယ်။
ဘာမှမလုပ်ရပဲ ညကြီး ရင်ခွင်ထဲထည့်ထားရတာ ဘယ်လောက်ဆိုးကြောင်း သူမကတော့ သိမယ်မထင်။

မမကမိုးချုန်းသံက်ိုလန့်ပုံပေါ်ပေမယ့်
သူ့​ကို ပိုလန့်ပုံရတယ်။
သူ့လက်မောင်းကို ခေါင်းအုံးထားပေမယ့်
ကိုယ်ခန္ဓာချင်းတော့ ခပ်ခွာခွာ။
ဒါပေမယ့် ဘာဒါ့အင်္ကျီအဖျားစလေးကိုတော့ ဆုတ်ကိုင်လို့။
ကိုယ်ချင်းနည်းနည်းကွာနေတာကြောင့်
ခါးကိုဖက်ပြီးဆွဲပြီး ကပ်လိုက်တယ်။
နူးညံ့အိထွေးတဲ့ကိုယ်လုံးလေးဆီက အနံ့မွှေးမွှေးလေးကြောင့် ပြန်တောင်အိပ်ပျော်ပါ့မလား။
သွေးခုန်နှုန်းတွေမြန်နေပါတယ်ဆိုမှ မမကသူ့ကျောကိုပြန်ဖက်တော့ပိုဆိုး။
ရင်ဘတ်နားက နူးနူးညံ့ညံ့အိအိထွေးထွေးအထိအတွေ့ကြောင့် အေးစိမ့်နေတဲ့အခန်းထဲချွေးပြန်ချင်လာတယ်။
နှစ်ယောက်သားဖက်ရင်း တစ်ယောက်ပေါင်ကြားထဲ တစ်ယောက်က ဒူးတစ်ဖက်ကွေးထားသလိုဖြစ်နေတော့
စိတ်က ပေါင်ဆီရောက်လိုက် ရင်ဘတ်နားရောက်လိုက်
ငုံ့ကြည့်ရင်မြင်နေရတဲ့ နှုတ်ခမ်းလေးဆီရောက်လိုက်..
ဒုက္ခများလိုက်တာ..

မင်းနဲ့တွေ့ပြီးတဲ့နောက်Tempat cerita menjadi hidup. Temukan sekarang