6

3.3K 135 46
                                    

မနေ့က
ဆိုဂျူဝယ်ပြီး ပြန်လာတော့
ဟိုလူက မမကိုဖုန်းဆက်တယ်။

အကိုတဲ့

ခေါ်စရာလား။
ပြောတော့ ပြတ်ပြီဆို။
လေသံကလည်း ပျော့လိုက်တာ။
ဟိုကောင် ရောက်တဲ့နေရာက အပြေးလာချင်သွားမယ့်အသံ။
မဆီမဆိုင် တော်တော်စိတ်တိုနေမိတာကြောင့်
စကားတောင် မပြောနိုင်တော့ဘူး။

လှေကားထစ်တွေတက်နေရင်း
ပြတ်ပြတ်သားသားပြောစေချင်လို့ စကားစကြည့်တော့
မသိဘူးလေတဲ့ အူလည်လည်လေးဖြေတယ်။
မသိလို့ရမလား။
တစ်သက်လုံး exတန်းလန်းနဲ့နေချင်လို့လား။
အသဲယားတာရော စိတ်တိုတာရော ပေါင်းပြီး လှည့်ကြည့်လိုက်တော့
မော့ကြည့်နေပြန်တဲ့ မျက်လုံးတောက်တောက်လေး။

သူ့ကိုပြောလို့စိတ်ကောက်သွားတယ်ထင်တယ်။
နှုတ်ခမ်းကလည်း စူထားသေးတယ်။

လူကလွတ်သွားပြီး
သူမကို နံရံမှာကပ်ကာ အောက်ကိုပြန်ဆင်းပြီး
နမ်းလိုက်မိတော့တယ်။
မလုပ်နဲ့လို့ ဦးနှောက်ကပြောနေပေမယ့်
အဲ့ဒီနူးညံ့မှုဆီထိတွေ့ပြီးမှ နောက်ဆုတ်လို့ရမယ်ထင်နေလား။
အိထွေးစိုစွတ်နေတဲ့နှုတ်ခမ်းလေးကို မိုးတလင်းနမ်းနေရလည်း နမ်းနေနိုင်တယ်။
အတော်ကြာတော့ ငိုမဲ့မဲ့နဲ့ နှုတ်ခမ်းလေးက တုန်ယင်လာတယ်။
ဘာဒါ့ရင်ဘတ်ကိုလည်း အသာတွန်းတော့မှ
လွှတ်ပေးမိတော့တယ်။

အသိစိတ်ဝင်လာတော့
ခြေမကိုင်မိ လက်မကိုင်မိ
ဘာပြောရမှန်းလည်းမသိ
သူမကိုပြောပြဖို့နေနေသာသာ ကိုယ့်ဘာသာလည်းမသိ
အစ်မဘဲကြီးနဲ့ဖုန်းပြောလို့နမ်းမိတာလို့ပြောရမှာလား..
တကယ်အဲ့လိုဟုတ်တယ်ဆိုပေမယ့်
သူများကြားတော့ ကြောင်တောင်တောင်ကြီးဖြစ်နေမှာပေါ့..
ပြီးတော့ မမက straight
ငါလည်းstraightပဲလေ
ဟားးးးးး

အပေါ်ကို ပြေးတက်ခဲ့မိတယ်။
မလုပ်သင့်ဘူးဆိုတာသိပေမယ့်
ကိုယ့်ကိုယ်ကိုလည်းထိန်းမရတာကြောင့်
ဆက်ရပ်နေရင်
ဘာဆက်လုပ်မိမယ်မသိဘူး..။
အခုထက်လည်း ပိုဆိုးသွားနိုင်တယ်။

ညကျ အကုန်လုံးတန်းစီပြီးအိပ်ကြတာ။
တစ်ယောက်သောသူနဲ့ကတော့
ကြားမှာ သုံးယောက်လောက်ဝေးနေတာပေါ့လေ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now