23🌚

6.4K 151 22
                                    

ဘာဒါ ဆိုးလ်ကို ပြန်ရောက်တာနဲ့
နာဟီးတို့ကို ဖုန်းဆက်လိုက်တယ်။

''ဆုန်နာဟီး''

''ဘာဒါလား
ဟဲ့ အီဘာဒါ သေသွားပြီတောင်ထင်တာလေ
ပြန်လာမယ်ဆိုပြီး အဆက်အသွယ်မရတော့လို့''

''အင်း ရောက်နေပြီ''

''ရောက်ပြီလား
ဆိုးလ်ကိုလား''

''ဟုတ်တယ်''

''မမရောလား''

''အင်း
သူ့ကို အိမ်ကိုဝင်ပို့ခဲ့သေးတယ်
ငါ့အမေနေမကောင်းဘူးဆိုလို့ ငါအရင်ပြန်တက်လာလိုက်တာ''

''သြော် နင့်အမေနေမကောင်းဘူးလား''

''အင်း ငါအိမ်ကိုအရင်ဝင်လိုက်မယ်
နောက်ရက်မှ လာခဲ့မယ်''

''ဘယ်မှာနေမှာလဲ
အမေအိမ်မှာပဲလား''

''နေစရာလား
မမနေတဲ့တိုက်ခန်းကို ငါဝယ်လိုက်တယ်လေ
အဲဒီမှာပဲနေဖြစ်မှာ''

''အေးပါ ချစ်တတ်သူကြီးရယ်
ဟုတ်ပါပြီ''

အဖေ့အိမ်ကိုရောက်တော့
အမေက အခန်းထဲမှာထင်တယ်.
အဖေတစ်ယောက်ပဲ ဧည့်ခန်းမှာထိုင်နေတယ်။

''အဖေ အမေရော''

''အထဲမှာ''

မတွေ့တာကြာပြီဆိုပေမယ့်
ပြန်ရောက်ပါပြီတွေဘာတွေလည်း မပြောဖြစ်ပဲ အမေရှိတဲ့အခန်းထဲဝင်လာခဲ့လိုက်တယ်။
အခန်းထဲမှာဆိုပေမယ့်
အိပ်ယာထဲလှဲနေတာတော့မဟုတ်ဘူး။

''အမေ သက်သာရဲ့လား ဘာဖြစ်တာလဲ''

''အင်း သက်တော့သက်သာပါတယ်''

သိသားပဲ။
ရောက်ရာအရပ်က ပြန်လာပါလို့ ပြောရမယ့်အခြေအနေမဟုတ်ဘူးဆိုတာကို။

''နေမကောင်းလို့ ချက်ချင်းပြန်လာပါလို့ အဖေက ပြောနေလို့လေ''

''ဒီနေ့မှ သက်သာသွားတာ
သူ့သမီးပြန်လာမယ်ဆိုလို့''

အဖေက ဝင်လာပြီး ပြောတယ်။

''အဲ့တော့ ဘာဖြစ်တာတဲ့လဲ''

''အရင်ရောဂါပဲပေါ့''

အမေ့မှာက နှလုံးစက်တပ်ထားတာ။
ဒါပေမယ့်
အခုမှမဟုတ်ဘူး ကြာလှပြီ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now