10🌚🔞

8.7K 166 38
                                    

ဘာဒါ မမတို့ရုံးထဲဝင်တော့
မမက အပြင်မထွက်ရဘူးထင်တယ်။
ရုံးမှာရှိနေတယ်။
ဘာဒါ နှုတ်ဆက်မလို့ကြည့်လိုက်တော့
အကြည့်လွှဲသွားတာနဲ့ကြုံတယ်။
သြော် မသိသလိုနေပေးရမှာလား။
မမတို့ရုံးကလူတွေက မှတ်မိနေရင်ရော..

ဌာနမှူးနဲ့ဝင်တွေ့ရတယ်။
သကောင့်သားကတော့ သူ့လက်က အရက်ခွက်ယူမော့တဲ့လူမှန်းသိပုံမရ။
ဘာဒါတို့အိမ်ကပြောပေးထားတာမို့
ဘာဒါ့အဖေတို့မျက်နှာနဲ့ အရမ်းကိုသဘောကောင်းနေတော့တာ။

တပါတ်ပါပဲ။
တပါတ်အတွင်း ရုံးမှာလည်းလေ့လာ။
အပြင်ထွက်တဲ့လူတွေနောက်လည်း လိုက်ပေါ့။

အပြင်ထွက်တဲ့သူကတော့
ဘယ်သူလို့မပြောပဲ
ဘယ်အစီအစဥ်တော့စိတ်ဝင်စားတယ်လို့ပြောရတာပေါ့။
သိတယ်မလား။
အားကစားကဏ္ဍပေါ့။

နေ့လည်ထမင်းစားချိန်ရောက်တော့
မမက ဘာဒါ့အနားက ဖြတ်သွားရင်း

''အပေါ်ဆုံးထပ်ကို တက်ခဲ့''

အဆူခံရမှာသိပေမယ့်
ချိန်းတွေ့ရမယ့်feelingမျိုးရလို့ ရင်တွေခုန်လိုက်တာ။

အပေါ်ထပ်တက်ခဲ့တော့

''မင်း တမင်လုပ်တာမဟုတ်ဘူးလား''

''ဘာကို..''

''ဒီကိုလာတာလေ''

''အင်းးး အဲလိုပြောလို့ရပါတယ်''

''မင်း တကယ်ကို ပြောမရဆိုမရလေးပဲ
ရုံးကလူတွေကိုရော သိစေချင်တာလား''

''သိစေချင်ရအောင်
နှုတ်တောင်မဆက်ရတာကို မမကလည်း''

''ဘယ်လောက်ကြာမှာလဲ''

''တပါတ် ဆယ်ရက်ပေါ့''

''စာပဲ အာရုံစိုက် ကြားလား''

''..''

''ပြောနေတာရော ကြားရဲ့လား''

''ကြားပါတယ်
မြန်မြန်ပြီးသွားအောင်
မသိတာရှိရင် လာမေးလို့ရလား''

''ဟင်''

သူ့အကွက်ထဲ ဝင်သွားတဲ့ မမက ဘယ်လိုဖြေရမှန်းမသိဘူးဖြစ်နေပြန်တယ်။

''မရဘူးလား
မရရင်တော့ ကြာမှာ''

''ရတယ်
ဒါပေမယ့်
တမင်မဟုတ်တာတွေ လျှောက်မမေးရဘူး''

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now