22🌚

6.3K 149 75
                                    

ကိုရီးယားကိုပြန်ရောက်တော့
မမတို့မြို့ကိုပဲ တန်းပြီး သွားလိုက်ကြတော့တယ်။
အမှန်တော့ အိမ်ကို ဝင်ခဲ့သင့်ပေမယ့်
ဘာတွေစိတ်ရှုပ်စရာကြုံမလဲမသိရဘူးလေ။

အဲဒါကြောင့်
ပြန်ခါနီးမှ ဝင်တော့မယ်။

နာဟီးတို့ ဟယ်ဝန်းတို့ကိုလည်း ရောက်ကြောင်းပြောပြီး
အပြန်မှဝင်မယ်လို့ပဲပြောထားလိုက်တော့တယ်။

မမကတော့ ဘာဒါပါလာမယ်လို့
သူ့အမေကိုပဲ ပြောထားတယ်တဲ့။

ယောက္ခမကြီးကတော့ တကယ်ကို သဘောကောင်းတာ။
မမဟိုမှာကျောင်းတက်တာလည်း အမေပဲသိပြီး ကျောင်းပြီးခါနီးမှ အဖေကိုပြောတာတဲ့။
ကိုယ်မသိရုံတင်မဟုတ်ဘူး အိမ်ကလူတွေကိုပါ မပြောတဲ့ ပတ်ချယ်​ယောင်း။
မနိုင်ဘူး တကယ်..။

မြို့လေးကတော့ အရင်အတိုင်းပဲ။
ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း။
လှလှပပ။
အိမ်ရောက်တော့
နည်းနည်းတော့ ​မျက်နှာပူမိသား။
အရင်တစ်ခေါက်က
ဒီတိုင်းပဲ အသိဆိုပြီးလိုက်လာခဲ့တာမလား။
အခုကျတော့ ပြောရတော့မယ်လေ။
မမအမေက သိပေမယ့်
ဒီတစ်ခေါက် ယောက္ခထီးကြီးကိုပါပြောရမှာဆိုတော့ ကြောက်မိသား။
မမမောင်လေးကတော့
သိပြီးသားဖြစ်မှာပါ။
သူက မြင်ကတည်းကသိလိုက်တာ
အရိပ်အကဲအရမ်းမြန်။

''ဂျွန်ယောင်း အမေရော''

အိမ်ရောက်တာနဲ့ ဂျွန်ယောင်းနဲ့အရင်တွေ့တယ်။
ဘာဒါ့ဘက်ကို ဝေ့ကြည့်လိုက်ပြီးမှ

''ဆိုင်မှာပေါ့''

''အင်း ဘာဒါ လာလေ''

အိမ်တံခါးဝမှာ ရပ်နေတဲ့ ဘာဒါ့ကို မမကခေါ်တော့ ဂျွန်ယောင်းက

''လူတွေမြင်ရင် တစ်ခါမှမရောက်ဖူးဘူးလို့ထင်နေပါဦးမယ်နော်''

ဘာဒါခေါင်းငုံ့ပြီး ပြုံးလိုက်ရင်း
အထဲဝင်လိုက်တယ်။
ပြောသမျှတော့ ခံရတော့မယ်။

''အထဲဝင် နားလိုက်လေ
တို့ ဆိုင်ဘက်သွားပြီး အမေ့ကို ရှာလိုက်မယ်''

''အထဲဝင်နား
အမေက နှစ်ယောက်အိပ်ကုတင်ကြီးထည့်ပေးထားတာ ဟီးလို့
တစ်ခန်းလုံးအပြည့်ပဲ''

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now