17

2.4K 138 48
                                    

ဒီလိုနဲ့ စာသင်နှစ် ၂ နှစ်ကုန်သွားတယ်။
နောက် ၂ နှစ်ထပ်တက်ရမှာဆိုပေမယ့်
အခုကတည်းက သတင်းဌာနတွေမှာ ဝင်လုပ်နေပြီ။
အိမ်ကလည်း အဘွားအိမ်မှာပဲ ငှားနေတုန်းပဲ။
ကိုယ့်ဘာသာနေနိုင်ပြီဆိုပေမယ့်
မလိုအပ်ပဲမပြောင်းချင်သေးတာကြောင့်
အဲဒီမှာပဲနေဖြစ်တယ်။

တခါတခါ
ဘာဒါ့အကြောင်းတွေးရင် လူက မှိုင်ကျသွားတယ်။
အခုတော့ ချယ်ယောင်းကို ထားခဲ့ရက်လေခြင်းလို့စိတ်နာနေဦးမလား။
မေ့နေလောက်ပြီလား။
အသစ်တွေ့နေလောက်မလား။
၂နှစ်ဆိုတဲ့ အတိုင်းအတာက လူတစ်ယောက်ကို မေ့ဖို့လုံလောက်တယ်မလား

နောက်လလောက်တော့
koreaကို ပြန်မယ်လို့တွေးထားတယ်။
ဘယ်ကစရမယ်မှန်းမသိပေမယ့်
ဘာဒါ့ကို ကျောင်းပိတ်ရက်တွေတိုင်း သွားရှာမယ်။
တွေ့ရင်ရော..
တွေ့ရင်..
တောင်းပန်ရမှာပေါ့..
အရင်ဆုံး..
ဘာမှမပြောပဲ ထားခဲ့မိလို့..။

အလုပ်သွားဖို့ အပြင်ထွက်လာတော့
အပြင်မှာ အဘွားနဲ့တွေ့တယ်။

''Ariel
အလုပ်သွားတော့မလို့လား''

''ဟုတ်တယ် အဘွား''

''နောက်တပါတ် စနေနေ့ကျ အဘွားမွေးနေ့လေ
သမီးအားတယ်မလား''

''အားတယ်ထင်တယ်အဘွား
ခြံထဲမှာပဲလား''

''ဟုတ်တယ် ခြံထဲမှာပဲ
Maryလည်းပြန်လာမှာလေ''

''ဟုတ်
သမီးဘေးအခန်းက ညီမလေးတွေကို ပြောလိုက်မယ်''

''ရပါတယ် အဘွားနဲ့တွေ့ရင် ပြောလိုက်မယ်''

နောက်တပါတ်က
ဘာဒါ့မွေးနေ့ရှိတယ်။
သောကြာနေ့ September 22nd.
ဆိုတော့ အဘွားက 23rdပေါ့။

ဘာဒါ့မွေးနေ့တိုင်းတော့
ချယ်ယောင်းက ခွင့်ယူတယ်။
ဘုရားကျောင်းသွားတယ်။
ကျန်းမာပါစေဆုတောင်းပေးတယ်။
တနေရာရာမှာထိုင်ပြီး အဝေးကြီးကိုငေးတယ်။
ဝေးနေရတဲ့ ထုထည်တွေကို နည်းလာစေချင်ပြီဆိုပေမယ့်
မှန်းဆလို့မရလောက်အောင်များပြားနေခဲ့ပြီ..
ဘယ်တော့များမှ ပြန်တွေ့ရမှာလဲ..

..........

ဘာဒါတို့ကျောင်းက ၃နှစ်ဆိုပြီးပြီ။
Masterထပ်တက်လို့တော့ရတာပေါ့လေ။
ထပ်တက်ချင်ပေမယ့်
နောက်မှ
မမကိုတွေ့ပြီးမှ
အလုပ်အကိုင်အတည်တကျရှိပြီးမှလို့တွေးတယ်။
အခုတော့ short filmလေးတွေ ရိုက်ဖြစ်နေပြီ။
ဝင်ငွေကတော့ ချိန်ဆနေရတဲ့အထဲတော့မပါတော့ဘူးပေါ့။
ဒီမှာက တော်ရင်တော်သလို တက်လမ်းကအဆင်ပြေတာမို့လို့
ကိုယ့်ဘက်က ကြိုးစားဖို့ပဲလိုတာ။
အခုတော့ ကျောင်းပိတ်ရက်ဆိုပေမယ့်
Maryက မပြန်သေးပဲ
သူ့အဘွားမွေးနေ့ကို လိုက်ခဲ့ပေးဖို့ ဂျီကျနေတာ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now