တနေကုန်ပဲ မမက စကားအကြာကြီးအပြောမခံပဲ အလုပ်တွေရှုပ်ပြနေတယ်။
ဘာဒါဆိုင်မှာ ခဏဝင်ကူပေးပေမယ့်
လူလည်းမလစ်တော့ ဘာမှမေးလို့မရ။
ကြာတော့ လူလည်း အကြံထုတ်ရတော့တယ်။''မမ အခုပြင်ထားတာလေး ခဏလိုက်ကြည့်ပြီး လိုတာလေးပြောပေးပါလား''
''ဟင် ညမှကြည့်ပေးမယ်လေ''
ပတ်ချယ်ယောင်းက ရှောင်တယ်ပေါ့။
''မဟုတ်ဘူး ပြင်ပြီးတာနဲ့ ဟိုကိုပို့ပေးရမှာ အဲဒါကြောင့်''
''ဒီမှာလည်း မအားသေး..''
''လိုက်လုပ်ပေးလိုက်လေ ချယ်ယောင်း''
မမအဖေက ဝင်ပြောတယ်။
''ဟို..''
''ရပါတယ် ဒီမှာ အဖေတို့ လုပ်နိုင်တယ် သွားသွား''
မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပြီး
အိမ်ထဲရောက်တော့''မမ ဘာလို့ရှောင်နေတာလဲ''
''ရှက်လို့''
ဟင်..ဘာဒါတို့အိမ်ကကိစ္စသိလို့မဟုတ်ဘူးလား။
''ဟင် ဘာကိုရှက်တာလဲ''
''ခုနက အမေက လျှောက်မေးနေလို့လေ''
''အာ မမကလည်း အဲဒါရှက်စရာလား''
''ရှက်တာပေါ့ အခုခေတ်မှာ ဘယ်သူက အဲလိုမေးတော့လို့လဲ''
''မသိပါဘူး
ကိုယ့်အိမ်က သိတာကို မမများသိနေလားလို့''''အဲဒါက
ဘာဒါမှမပြောတာ''အင်းလေ။
မပြောထားပဲ ဘယ်လိုသိမှာလဲ။''အင်း အမေသိတယ်
အဖေတော့မသိသေးဘူးထင်တာပဲ''''ဘာတဲ့လဲဟင်''
''ဟင်..သြော်
ဒီလိုပါပဲ.. အမေ့ကိုတော့
တော်တော်လိုက်ထားရတာလို့ပြောထားတာ
ထားလိုက်ပါ
အမေနဲ့လက်ထပ်မှာမှမဟုတ်တာ
ကိုယ်နဲ့လက်ထပ်မှာပဲ အမေ့သဘောမလိုပါဘူး''မမက အသာပြုံးတယ်။
''ဒါနဲ့ ခုနက အဒေါ်က ရိပ်မိနေတာလား''
''ထင်တာပဲ ဘာမှတော့မမေးပါဘူး''
''မမ ကိုယ်မနက်ဖြန်လောက်ပြန်ရမယ်ထင်တယ်''
YOU ARE READING
မင်းနဲ့တွေ့ပြီးတဲ့နောက်