5

3.3K 131 34
                                    

ဒီနေ့ ဘာဒါ တင်ရမယ့်စာအတွက် အသည်းအသန်ရေးနေရတယ်။
သုံးရက်ပဲလိုတော့တာလေ။
တစ်ရက်တစ်ရက် မဟုတ်တဲ့အတွေးတွေပဲ ဝင်နေတာကြောင့်
စာတင်ဖို့ လုပ်တာမပြီးနိုင်ဘူးဖြစ်နေတယ်။

လောလောဆယ်တော့
အချိန်ပိုင်းအလုပ်သမားလေးတစ်ယောက်ရဲ့တစ်နေ့တာကို aethestic vibeဘက်သွားတာလေး ရေးပြီး
filmကိုလည်း ဆရာ မရွေးရင်တောင်
ကိုယ့်ဘာသာ လိုက်ရိုက်ကြည့်ဦးမယ်လို့တွေးထားတယ်။

အိမ်နားက Cafeမှာ ထိုင်ရေးနေတာဖြစ်ပြီး
ဂျူဟော့က ဘာဒါ့ကို လာစောင့်ပေးနေတယ်။

ဒီကြားထဲ မတွေ့ဖြစ်ကြဘူးလေ။

ဒီနေ့လည်း တမင်ခေါ်လိုက်တာ။
ခဏခဏမတွေ့ဖြစ်လို့ တခြားကိုစိတ်ရောက်နေတာများလားလို့။

''ကိုယ့်ကို ခေါ်ပြီး စာပဲလုပ်နေတော့တာပဲ
အီဘာဒါ''

''မတွေ့တာကြာပြီမို့လို့လေ''

''သတိရလို့လား ''

သူမေးတော့ ကိုယ့်ဘာသာလည်း မေးဖြစ်တယ်။
အဖြေကြီးက အဆင်ပြေမနေပါ။
တိတ်ဆိတ်နေတဲ့ဘာဒါကို ဂျူဟျော့က

''ဘာလို့အခုထိ မပြီးသေးတာလဲ
အရင်ကဆို ရှေ့ဆုံးကပြီးနေပြီးတော့''

''အင်း အခုတလော စာစိတ်မဝင်စားလို့''

''ဘာတွေစိတ်ဝင်စားနေလို့လဲ''

''အင်း အဲလိုရှိတယ်
အိမ်စောစောပြန်ရမှာလား
ပြန်နော် ရတယ်
ဒီမှာ နီးနီးလေးကို''

''မပြန်သေးပါဘူး
ကိုယ်တို့ ဒီနေ့ 3Dသင်ရတယ်''

''ဟုတ်လား
အဆင်ပြေလား''

''ပြေပါတယ်
ဘာဒါလည်း စိတ်ဝင်စားတယ်မလား
အတန်းလာခိုးတက်မလား''

''စာစိတ်မဝင်စားဘူးဖြစ်နေပါတယ်ဆိုမှ''

''နေရောကောင်းလား
လူတောင်နည်းနည်းချောင်သွားသလိုပဲ''

''လူကတော့ ဒေါင်ဒေါင်မြည်
ဒီတစ်ရက်နှစ်ရက် ခရီးသွားလိုက်လို့ ပိန်သွားတာများလား''

''ခရီးမှာ အဆင်ပြေကြလား''

''ပြေပါတယ်''

ခရီးသွားတဲ့အကြောင်းပြောတော့
တစ်ယောက်သောသူကို သတိကရမိပြန်တယ်။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now