21🌚

6.2K 168 45
                                    

သူပေါ့..
အဲဒီညက သူပေါ့..

စိတ်ဆိုးစိတ်ကောက်လို့ ဆိုတာထက်
န​ည်းန​ည်းတော့ တမျိုးဖြစ်သွားတယ်။
ရှက်သွားတယ်ပဲဆိုရမလား။
ချယ်ယောင်းက တွေ့တာနဲ့ ဘာမှမစဥ်းစားပဲ လူပုံအလည် ပြေးဖက်ခဲ့တဲ့လူဆိုတော့..

နောက်ကပြေးလိုက်လာတဲ့ ဘာဒါက လက်ကောက်ဝတ်ကို လိုက်ဆွဲတယ်။

''မမ ကိုယ်ရှင်းပြမယ်''

''ခဏ ခဏလေး ဘာဒါ
တို့ ခဏလောက်တစ်ယောက်ထဲနေချင်တယ်''

''မဟုတ်ဘူးလေ ကိုယ်ပြောပြတာ နားထောင်ပါဦး''

ဒါကြောင့် သူက အခုမှတွေ့သလိုမဟုတ်ပဲ
အရမ်းတွေ ရဲတင်းနေတာကိုး။

''မမ''

လက်ကိုဆွဲပြီး သူ့ဘက်ကို လှည့်တယ်။

''မမ ကိုယ့်ကိုကြည့်''

မေးဖျားကို လာကိုင်ပြီး ဆွဲမော့တယ်။
သူ့ကိုမော့ကြည့်လိုက်ပေမယ့်
မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးက ဘာကိုမှ ရေရေရာရာမမြင်ရ။
မျက်တောင်ခတ်လိုက်တာနဲ့
မျက်လုံးထောင့်က ဖြတ်စီးသွားတဲ့ မျက်ရည်စီးကြောင်းကို လက်နဲ့သုတ်ပစ်ချင်ပေမယ့်
လက်နှစ်ဖက်လုံးကို သူကကိုင်ထားတယ်။

''ဟာ ဘာလို့ငိုတာလဲ''

''..''

မသိဘူး ဘာလို့ငိုနေတာလဲဆိုတာ..ကိုယ့်ကိုကိုယ်လည်းမသိဘူး..

ဘာဒါကို ကိုယ့်ဘာသာတွေတွေးပြီး ထားခဲ့တုန်းက
ကိုယ့်အတွေး ကိုယ့်ခံစားချက်ကိုပဲ တွေးခဲ့တာ..
ကိုယ်ကအဝေးကကြည့်နေတာပဲဆိုပြီး
တကိုယ်စာနွေးထွေးနေခဲ့တာ..
ဒါပေမယ့် တဖက်လူရဲ့စိတ်ထဲ ဘယ်လိုခံစားရမလဲဆိုတာ အခုမှသိတာ..
သူငေးကြည့်နေခဲ့တဲ့အချိန်တွေမှာ
ကိုယ် ဘယ်လောက်ကြေကွဲနေရလဲ..
ကိုယ်ရှိတဲ့နေရာကို သိပြီး စိတ်တည်ငြိမ်နေနိုင်ချိန်မှာ..
သူဘယ်မှာမှန်းမသိလို့ ကိုယ်ဘယ်လောက်ယောက်ယတ်ခတ်နေရလဲ..
အရူးလုပ်သလိုခံစားရပေမယ့်
အဲဒီလုပ်ရပ်က ကိုယ်အရင်လုပ်ခဲ့တာမို့
ကိုယ်ဝမ်းနည်းရသလောက်
သူ့ကိုသနားရတယ်..

ဘယ်လိုပြောပြရမလဲ..

''လာ ကိုယ်တို့အခန်းထဲသွားရအောင်''

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now