15

2.8K 135 65
                                    

မိုးလင်းထိ ငုတ်တုတ်ထိုင်နေမိပြီး
ဘာတွေ ဘယ်လိုဖြစ်သွားလဲ ဆက်စပ်နေရတယ်။
မနက်ကျ မမတို့ရုံးကို သွားလိုက်တယ်။
အနည်းဆုံးတော့ ပြန်ရောက်ရင် ရုံးတက်မှာပဲမလား။

အထဲရောက်တော့ စောသေးလို့လားပဲ
မဆူဇီပဲရောက်သေးတယ်။

''အစ်မ ဟို မမချယ်ယောင်း
ရုံးမလာသေးဘူးလားဟင်''

''ဟင် ဘာဒါ
သြော် ချယ်ယောင်းက အလုပ်ထွက်သွားပြီလေမပြောသေးဘူးလား''

''ဟင် အဲဒါက ဘာကို..
ဘယ်လိုဖြစ်လို့..''

''ဒီအချိန်လောက်ဆို ​ပြောပြီး​လောက်ပြီထင်တာ
အကြောင်းစုံကတော့ ချယ်ယောင်းဆီက နားထောင်လိုက်ပါကွယ်''

''မမကို ဆက်သွယ်လို့မရလို့..
ဘယ်တုန်းက အလုပ်ထွက်သွားတာလဲဟင်''

''တစ်လနီးပါးရှိပြီ
ထွက်တယ်ဆိုတာထက်
ဟို ထုတ်ခံရတယ်ပဲပြောရမလား''

''ထုတ်ခံရတယ်?? မမကလား''

''အင်း ဘာဒါ တကယ်မသိတာပဲ''

ဘာတွေလဲ
မမက ဘာလို့ ဖုံးထားတာလဲ..

''ဟို အစကတင်ဆက်သူနေရာဖယ်ပေးရတယ်လေ..ပြီးတော့မှ အလုပ်ပါထုတ်လိုက်ကြတာ''

''ဘာလို့လဲ ဘာလို့တဲ့လဲ''

'အဲဒါက..''

''ဌာနမှူးလုပ်တာလား''

''ဌာနမှူးလုပ်တာဆိုပေမယ့်
ခိုင်းတဲ့သူရှိလို့လို့ကြားတယ်''

''ခိုင်းတဲ့လူ??''

''အင်း တကယ်တော့ ချယ်ယောင်းက မပြောပဲထားတဲ့ကိစ္စကို အစ်မလည်းမပြောချင်ပါဘူး
ဒါပေမယ့်လည်း ဘာဒါရောက်လာတော့
ပြောသင့်တယ်လို့လည်းထင်တယ်
ချယ်ယောင်းကို တင်ဆက်သူနေရာက ဖြုတ်ခိုင်းတာလည်း ဘာဒါ့မိဘတွေဘက်ကလို့ကြားတယ်..
ဒါပေမယ့်..မပြတ်သေးတော့..အလုပ်ပါဖြုတ်လိုက်တာတဲ့''

လူပါ လေထဲမြောက်တက်သွားသလိုခံစားရတယ်။
ဖြတ်ရိုက်ခံရသလို အသည်းထဲက တဆစ်ဆစ်နာတယ်။
တစ်ကိုယ်စာနာကျင်နေရာကနေ မမထွက်ပြေးသွားမယ့် အကြောင်းအရာတွေကို လုံလုံလောက်လောက်ကြားနေရတယ်။
ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားခဲ့တဲ့မမအတွက် လွယ်လွယ်ကူကူရိုက်ချခံလိုက်ရတာလောက် ဆိုးတာ ဘယ်ရှိတော့မလဲ။
တင်ဆက်သူလုပ်ရလို့ ဘယ်လောက်ပျော်နေလိုက်လဲ။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now