3

5.1K 119 31
                                    

ချယ်ယောင်းတရေးနိုးလာတော့
မိုးမလင်းသေးဘူးထင်တယ်။
အခန်းထဲ အလင်းရောင်တောင်မဝင်သေး။
နွေးနေတာကြောင့် ပြန်အိပ်မယ်လို့စဥ်းစားလိုက်ပြီးမှ
ခါးကနေ သိုင်းဖက်ထားတဲ့ လက်တစ်ဖက်ကြောင့် ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတွေမြည်သွားတယ်။

မှတ်ဉာဏ်တွေကို အပြေးအလွှားပြန်ခေါ်ကြည့်မိတော့
ခွေးထက်မိုက်တဲ့ကိစ္စကို လုပ်ခဲ့တာကို ပြန်သတိရတယ်။
အရက်တွေမူးအောင်သောက်ပြီး
ဂန်ဒုံဟာတိုက်ခန်းကိုလာခဲ့တာလေ။
လမ်းခွဲမှာသေချာနေတဲ့ ဖောက်ပြန်တဲ့ကောင်ရင်ခွင်ထဲမှာ အိပ်နေပြီး နွေးနေလို့ ခံစားလို့ကောင်းလိုက်တာလို့ တွေးနေမိသေးတာတဲ့။
အမလေး ပတ်ချယ်ယောင်းရဲ့..
သူ့ဘက်ကို ကျောပေးထားပေမယ့်
နားရွက်ဖျားဆီ တိုးဝှေ့နေတဲ့ သူ့ထွက်သက်သေးသေးမှန်မှန်လေးက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြောင်း အသိပေးနေတယ်။
ခါးပေါ်က လက်ကို အသာဖယ်ပြီး
အိပ်ယာခြေရင်းက အဝတ်တွေကို အခန်းမီးရောင်ဖျော့ဖျော့မှာ လိုက်စမ်းရတယ်။

''အ့..''

အရေးထဲ အောက်ပိုင်းက နာနေတာကြောင့်
ညည်းသံသဲ့သဲ့က လွှတ်ခနဲထွက်တယ်။
နိုးသွားလားတောင် လှည့်မကြည့်ရဲ။
ကောက်လိုက်မိလို့ကြည့်လိုက်တာ
သူ့တီရှပ်အကြီးကြီးဖြစ်နေလို့ ပြန်ချ ကိုယ့်အဝတ်တွေပြန်ရှာ ။
ဧည့်ခန်းကို အမြန်ထွက်ပြီး အဝတ်အစားဝတ်ကာ ပြေးဆင်းခဲ့ရတယ်။

မနက်မိုးမလင်းသေးတော့
Taxiတောင် တော်တော်စောင့်လိုက်ရတယ်။

အိမ်ရောက်တော့မှ
ရေချိုးခန်းထဲဝင်ပြီး ငြိမ်ထိုင်နေမိတယ်။

ဘာလုပ်မိတာလဲ..။
ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။
ဘာတွေပြောလာမလဲ။
အတူနေလို့ရတာမို့လို့ လက်ထပ်ရအောင်လို့ပြောမလား။
အမူးလွန်နေလို့ ပေါက်ကရတွေးပြီး သွားလိုက်ပေမယ့်
ဖောက်ပြန်တဲ့ အဲ့လူနဲ့ လက်ထပ်ဖို့ ယုံကြည်ချက်မရှိပါ။
ဒါနဲ့..
စောစောစီးစီးက အတူနေမိရင်
ဒီလိုပြဿနာတွေမဖြစ်လောက်ဘူးလား။
ညက ကိစ္စကို သေချာမမှတ်မိပေမယ့်
ရင်တွေခုန်ပြီး စိတ်တူကိုယ်တူဖြစ်ခဲ့တာကိုတော့ မှတ်မိတယ်။
ရှက်စရာကောင်းလိုက်တာ..
အဲ့လူကို နှစ်တွေအများကြီး ငြင်းဆန်ခဲ့ပြီးမှ
ပြတ်သွားတော့မှ
ဒီလိုပုံကိုပြမိတာတဲ့လား။
အဲဒါကလည်း သူ့ဘက်က ကြိုးစားလို့မဟုတ်ပဲ
ကိုယ့်ဘက်က တောင်းဆိုတာတဲ့လား။
နာနေတဲ့အောက်ပိုင်းရယ်..
သွေးစွန်းနေတဲ့ ပင်တီလေးရယ်က
ချယ်ယောင်းကို လှောင်နေသလိုပဲ။
ရေချိုးပြီး မှန်ရှေ့ရပ်တော့
လည်တိုင်တစ်လျှောက်
ရင်အုံတစ်ခုလုံးနဲ့
ဗိုက်သားတွေဆီက အနီရင့်ရောင်အကွက်တွေက ရင်ထဲကို လိပ်ပြာအကောင်ပေါင်းများစွာ ဖြတ်ပြေးတဲ့ခံစားချက်ကို ဖြစ်စေတယ်။
ဖြန်းခနဲနီရဲသွားတဲ့မျက်နှာနဲ့ မှန်ကိုမကြည့်ပဲ ကျောခိုင်းလိုက်မိတယ်။
ယောင်္ကျားတွေက အိပ်ယာထဲမှာ ပိုချောပြီး ပိုဆွဲဆောင်မှုရှိတာလား။
ဘာကဘာလဲ မသိတော့ပေမယ့်
မနေ့ညကသူက တွဲလာတဲ့နှစ်တွေအတွင်း
အချောဆုံးပဲလို့တွေးမိတာ မှတ်မိတယ်။
ပတ်ချယ်ယောင်းတို့ မွှန်ခဲ့တာတွေပေါ့..
ကိုယ့်ကိုကိုယ် ရည်းစားနဲ့အတူမနေနိုင်လို့
သူတော်စင်မလို့ထင်နေတာလေ..
အခုတော့ အဲ့အကြောင်းတွေးလို့ကို မပြီးတော့ဘူး..
မှတ်မိသလောက် ဖမ်းဆွဲနေမိတယ်..

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now