12🔞

6K 117 37
                                    

ဒီနေ့ ချယ်ယောင်း စကော်လာလျှောက်တဲ့ကိစ္စတွေလိုက်လုပ်နေတယ်။
Broadcaster Schorlarship Program တွေကို လိုက်စုံစမ်းပြီး
အခုတော့ NHABမှာ ရမယ်လို့ထင်တယ်။
Broadcastရော Journalism ရော ကျောင်းဆက်တက်မယ်လို့စိတ်ကူးတယ်။
ဂျယ်ဟီးအကိုကိုလည်း မသိတာတွေလှမ်းမေးပြီး အကူအညီတောင်းရသေးတယ်။
ဘာဒါသိရင် စိတ်ဆိုးမှာသိပေမယ့်ပေါ့။

ဒီနေ့တော့ စာရွက်စာတမ်းဖြည့်တာတွေနဲ့ ထပ်လိုတဲ့အချက်အလက်တွေမေးရင် အပြင်မှာတွေ့ဖြစ်ကြတယ်။

''အဆင်ပြေရင်တော့ ​နောက်လလောက်သွားရမယ်ထင်တယ်နော်''

''အဲ့လိုထင်ရတာပဲ အကို''

''ဟိုမှာ တစ်ယောက်ထဲနေရမှာ အဆင်ပါ့မလား''

''ပြေမှာပါ''

''ချစ်သူကရော သဘောတူလား''

''သူမသိသေးဘူး''

''သြော်''

မပြောဖြစ်သေးဘူးဆိုတာထက်
မပြောတော့ဘူးလို့တွေးထားတယ်။
ဘာကြောင့်ရယ်လို့ အကြောင်းပြချက်တွေမပေးပဲ
နှစ်ယောက်ထဲရပ်တည်နိုင်တဲ့အချိန်မှာ သူ့ဆီပြန်လာခဲ့မယ်။
သူသာစောင့်နေမယ်ဆိုရင်ပေါ့..
ပြောပြလိုက်ရင် သူက အိပ်မက်တွေကိုလက်လွှတ်ပြီး
ချယ်ယောင်းနောက်ကိုလိုက်ခဲ့လိမ့်မယ်။
ခဏလေးပဲ..ခဏလေးပဲစောင့်ပေးပါ ဘာဒါ..

''မမ အိမ်မှာလား''

''အပြင်မှာ''

''ဘယ်သူနဲ့လဲ''

''သူငယ်ချင်းနဲ့''

''..''

''ဘာဒါ''

''အင်း''

''အိမ်လာခဲ့မလို့လား''

''ဟုတ်တယ်''

''တို့ခဏနေရောက်မယ်နော်
ဘာစားချင်လဲ
ဝယ်ခဲ့မယ်''

''ပတ်ချယ်ယောင်းကို''

ချယ်ယောင်းရယ်လိုက်မိတယ်။
အမြဲတမ်း စနောက်နေတတ်တဲ့ ဘာဒါကြောင့်
ပိုပြီးပြုံးရယ်ဖြစ်နေတာလေ။

''မမ ဘယ်ရောက်နေလဲ
ကိုယ်လာခဲ့မယ်''

ချယ်ယောင်းနေရာပြောလိုက်တော့
ခဏနေဘာဒါရောက်လာတယ်။

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now