4

3.5K 119 34
                                    

နာဟီးဆိုင်ထဲ ဝင်သွားတော့ ဘာဒါအပြင်မှာပဲ ရပ်စောင့်ကျန်ခဲ့တယ်။
ဒီနေ့လည်း libraryထပ်သွားကြဦးမှာလေ
မနေ့က စာအုပ်ပုံထဲ ထိုင်နေပေမယ့်
ဘာစာမှ မျက်လုံးထဲမဝင်တာကြောင့် ဒီနေ့ထပ်သွားမယ်လုပ်လိုက်တာ။
နာဟီးက ကြာနေတာကြောင့်
ဆိုင်ထဲဝင်ခေါ်မယ်ဆိုပြီး ဝင်လိုက်တယ်။
တံခါးဖွင့်ဝင်ပြီး နာဟီးကိုရှာလိုက်တော့
နာဟီးရပ်နေတဲ့ဝိုင်းမှာ
မမဂျယ်ဟီးနဲ့အတူတူထိုင်နေတဲ့
သူ့ရဲ့ကောင်မလေး။
အိပ်ပျက်ရခြင်းရဲ့အကြောင်းအရင်းတစ်ရပ်
စိတ်နဲ့လူနဲ့မကပ်ရခြင်းရဲ့ တရားခံ။
လည်ထောင်ကိုယ်ကျပ်အနက်လေးဝတ်ထားပြီး
ကိုယ်လုံးလေးက အဝေးက​ကြည့်တာတောင် ထင်းနေတာပဲ။

နာဟီးအနားသွားရပ်ပြီး မမဂျယ်ဟီးကို နှုတ်ဆက်တော့
မော့ကြည့်တယ်။
သူ့ကိုကြည့်တဲ့ မျက်လုံးတောက်တောက်လေးတွေကို သိမ်းထားချင်စိတ်ပေါက်သွားတယ်။
ဟိုရက်က အမူးသမားမျက်လုံးစင်းစင်းလေးကိုလည်း မမေ့နိုင်သေး။
ဘာဒါ့ကိုမှတ်မိမလားလို့ အကဲခတ်လိုက်ပေမယ့်
ဟိုရက်က မျက်စိမှိတ်ပြီးအခန်းထဲကထွက်သွားလားအောက်မေ့ရအောင် မမှတ်မိပုံများ ဇဝေဇဝါတောင်မဖြစ်။
ကောင်းပြီလေ။
ကိုယ်ပဲ ဖြစ်ပျက်နေတာသိလိုက်ရတာပေါ့။

နာဟီးကို ခေါ်ဖို့ဝင်လာရာကနေ
မမဂျယ်ဟီးက မုန့်စားသွားလို့ပြောတာနဲ့ စားမယ်လို့ကမန်းကတမ်းပြောလိုက်ရတယ်။
နာမည်လည်းမသိရသေးဘူးလေ
အခုတော့ မမျှော်လင့်ပဲ တွေ့လို့ ရင်ခုန်ပြီး ဂျွမ်းထိုးချင်စ်တ်ပေါက်လောက်အောင် ပျော်နေပေမယ့်
ကြာကြာနေရင် ဘယ်လိုလဲ သိချင်သေးတယ်။
အရေးထဲ နာဟီးမက မစားဘူးလုပ်နေသေးတယ်။
ဝင်ထိုင်တော့လည်း ရှေ့ကခုံကို အတင်းဝင်လုရတယ်။
ရှေ့တည့်တည့်က ငေးဦးမယ်လေ..

ပတ်ချယ်ယောင်းတဲ့
ပြုံးတာလေးက လှလိုက်တာ..
အဆုံးထိသွားဖူးတဲ့ဆက်ဆံရေးဆိုပေမယ့်
ပြုံးတာတောင် မမြင်ဖူးဘူးတဲ့..

ဆံပင်ကိုသပ်ရင်း မမဂျယ်ဟီးကိုလှည့်ကြည့်တော့
လက်နဲ့ထိပြီး ခေါက်သွားတဲ့ အင်္ကျီလည်ထောင်စလေးကြောင့်
လည်တိုင်က အနီကွက်လေးက လှစ်ခနဲ။
ရင်ထဲ ကျလိကျလိတွေ​ဖြစ်လိုက်တာ..
အဲ့လည်တိုင်သွယ်သွယ်ကို ပြေးကိုက်ချင်စိတ်ကိုထိန်းထားရတယ်..

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now