24(Ending)

4.5K 154 28
                                    

ဘာဒါ့ကို သူ့အဖေက ဂျူဟျော့နဲ့ ပေးစားချင်ပုံရတယ်။
အိမ်အထိခေါ်လိုက်တာက
ချယ်ယောင်းကို အသိပေးချင်လို့လုပ်တာ။

မိတ်ဆက်ပေးပြီးတာနဲ့ အပေါ်တက်ခဲ့လိုက်တယ်။
ဘာဒါ့ကိုယုံတယ်။
အမျိုးမျိုးသော အကြောင်းတရားတွေနဲ့
ဝေးခဲ့ကြရပြီးတဲ့နောက်မှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ထားပြီး
အတူတူဖြတ်ကျော်မှ တစ်သက်လုံးမဝေးမှာမို့လို့ အခုတစ်ခေါက်တော့ ဘာဖြစ်နေနေအဆင်ပြေသွားမှာပါလို့ပဲတွေးမိတယ်။
ချစ်တယ်။

ပြီးတော့..
မခွဲနိုင်ဘူး..မောင်နဲ့..

ခဏကြာတော့
ဘာဒါ အခန်းထဲပြန်ဝင်လာတယ်။

''မမ''

''အင်း မောင်
ပြန်ပြီလား''

''ပြန်သွားပြီ
မမ လာပါဦး''

ချယ်ယောင်း လက်ကမ်းပေးနေတဲ့
ဘာဒါအနားကို လျှောက်သွားပြီး ရင်ခွင်ထဲဝင်လိုက်တယ်။
ဒီရင်ခွင်ကျယ်က အမြဲတမ်းလုံခြုံနွေးထွေးမှုကိုပေးတယ်။
ဒီရင်ခွင်ကျယ်နဲ့ ထပ်မဝေးရဲတော့ဘူး..။

''ဂျူဟျော့လာတာကလေ..''

''အင်း''

''ဟို..အဖေလွှတ်လိုက်တာဖြစ်မယ်''

''အင်း''

''အင်းးး ပြီးတော့..''

''အင်း မောင်နဲ့ပြန်နီးစပ်စေချင်တာမလား''

''မမ
စိတ်မပူနဲ့နော်
အဖေတို့ဘာလုပ်လုပ်
ဂျူဟျော့လည်း လက်ခံမှာမဟုတ်ဘူး
ကိုယ်လည်း မင်းနဲ့မခွဲဘူး
သိတယ်မလား''

''သိပါတယ် မောင်ရဲ့
မမသိပြီးသားပါ''

မောင့်ကိုယုံပေမယ့်
အီဂျူဟျော့ကိုတော့ မယုံတာအမှန်။
ပြီးတော့ မောင့်အဖေပေါ့။

''မမ
ရှေ့သုံးလေးရက်ဆို သွားနှင့်ပါတော့လား
ကိုယ် ဒီမှာပြီးတာနဲ့ လိုက်ခဲ့မယ်လေ
ဟိုက ကိစ္စတွေလည်း စိတ်မချဘူးဆို''

''အတူတူပဲ သွားချင်တာမောင်''

ဘာဒါက ချယ်ယောင်းကို ငုံ့ကြည့်ပြီး
နဖူးကို နမ်းတယ်။

''ကိုယ်လည်းအတူတူပဲလေ
ဒါပေမယ့် မမသွားနှင့်တာပိုကောင်းမလားလို့
ဒီမှာက ကိုယ့်အဖေက မမကိုကောင်းကောင်းမဆက်ဆံရင် ကိုယ်သည်းမခံနိုင်လို့''

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now