part 29

434 27 9
                                    

ဆံမြိတ်ချ လှပါပေ့...🌻

အပိုင်း(၂၉)

"ကို...ကိုကြီး ထူးသာ ...ထမင်းမစား... မစားသေးဘူးလား...ဟင်"

"ဟင်အင်း မိကြိုင် နင်ဆာရင်စားနှင့်တော့လေ ငါမဆာသေးလို့"

"ဟ...ဟုတ်"

မေသင်းကြိုင် အိမ်ပေါ်ပြန်တက်လာကာ ထူးသာထိုင်နေသည့်ကွက်ပြစ်ဆီလှည့်ကြည့်မိသည်။

ထူးသာမှာ ပြန်ရောက်ကတည်းကထိုနေရာမှာတင် ထိုင်နေကာ ဆေးလိပ်ကိုသာတစ်လိပ်ပြီးတစ်လိပ်လွှတ်သောက်နေသည်။

သူပုံစံကို ငူငူငေါင်ငေါင်ဖြင့် ဘာစကားမှမပြောဘဲ တစ်ယောက်တည်း ငြိမ်သက်လို့နေ၏။

မေသင်းကြိုင်မှာလည်း နေ့တိုင်းတူတူထမင်းစားနေကြမို့ တစ်ယောက်တည်းစားရချိန် အရသာမရှိသလိုခံစားရကာ အိမ်ရှေ့ဘက်ကိုသာခနခနလှမ်းကြည့်နေမိသည်။

"မိကြိုင်ရေ ငါအပြင်သွားလိုက်အုံးမယ် အပြန်နောက်ကျမှာမို့ တံခါးပိတ်ပြီးအိပ်နှင့်တော့နော်"

"ဟုတ်...."

အပြင်သို့ထွက်သွားသည့် သူ့နောက်ကျောကို ငေးကာ ကျန်ခဲ့သည့် သူမ ထမင်းလည်းဆက်မစားချင်တော့ပါ။

...

တကယ်လို့သူသာ မိစုံဖစုံနဲ့ မွေးလာခဲ့ရင်...

တကယ်လို့သူသာ စ‌ွန့်ပစ်ခံကလေးတစ်ယောက်မဟုတ်ခဲ့ရင်...

တကယ်လို့သူသာ သူရနေဝန်းလို ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာခဲ့ရင်...

သူမရဲ့ မိဘတွေလည်း မခွဲတော့သလို သူလည်း ငဲ့ရမှာတွေ မရှိတော့ရင် သူတို့နှစ်ယောက်ဘဝလေး အရမ်းကိုသာယာကြည်နူးဖို့ကောင်းမှာပဲ။

ကံဆိုတာ အလုပ်တဲ့ မွေးကင်းစကလေးတစ်ယောက်ကတော့ သူ့ကံကိုစီမံပိုင်ခွင့်မရှိခဲ့ဘူး

ကံစီမံရာအတိုင်း လူဖြစ်လာရတယ်

အရင်ဘဝကသူဘယ်လောက်တောင်မကောင်းတာတွေလုပ်ခဲ့မိလို့ ဒီဘဝမှာ အလူးအလဲခံစားနေရတာလဲ...

ဝဋ်ကြွေးတွေရှိရင်လည်း ကျေဖို့သင့်ပါပြီး...

သူ့ဘဝကိုကောင်းအောင် တိုးတက်အောင် ဘယ်လောက်ပဲကြိုးစားခဲ့ ကြိုးစားခဲ့
လောကရဲ့ခပ်ပြင်းပြင်းရိုက်ချက်တွေအောက်မှာ ပြန်ပြန်ပြိုလဲနေရသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now