Part 1

10.5K 378 23
                                    

(Zawgyi)

ရှယ်ယာရှင်တွေချည်းတက်ရောက်တဲ့ အစည်းအဝေးတခုမှာ Kim Group ရဲ့ CEO ကိုယ်စား ရှေ့ဆက်လုပ်မယ့် သူတို့ကုမ္မဏီရဲ့အစီအစဉ်တွေကို ရှင်းပြပေးနေတဲ့ လူရွယ်တယောက်...

ခန့်ညားချောမောတဲ့ သူ့မျက်နှာနဲ့လိုက်ဖက်စွာ ကြည်လင်ပြတ်သားတဲ့အသံကိုလဲ ပိုင်ဆိုင်ထားသေးတယ်... သူရဲ့စကားပြောပုံကလဲ တဖက်သားကိုစိတ်ဝင်စားစေတော့ ရှယ်ယာရှင်အားလုံးက ကန့်ကွက်သူမရှိပဲ အားလုံးခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေကြတယ်.... CEO ကိုယ်တိုင်ကလဲ တော်တော်လေးသဘောကျကာ ပြုံးပြီးငေးနေလေတယ်....

"ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ ဒီကလူကြီးမင်းများအနေနဲ့ ဘာအကြံဉာဏ်ပေးစရာရှိသေးလဲ သိပါရစေ"

"Arni Mr.Park ပြောသွားတာ အရမ်းကောင်းတယ် အစီအစဉ်တွေအကုန် ပြောစရာတခုမှမလိုအောင် Perfect ဖြစ်လွန်းတယ်"

ဒါကအမြဲတမ်းကြားနေကျ စကားပါပဲ... Park Yuchun ဆိုတဲ့သူက အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာလွန်းတော့ သူနဲ့တွဲလုပ်ဖို့ဆို ဘယ်သူမဆိုစိတ်ပါဝင်စားကြသူချည်းပါ...

"Yuchun မင်းအရမ်းတော်တယ်"

အစည်းအဝေးပြီးလို့ လူအားလုံးပြန်သွားချိန်မှာ CEO ဖြစ်တဲ့ Mr.Kim က Yuchun ရဲ့ ပခုံးကိုဖက်ပြီး ဂုဏ်ပြုစကားဆိုပြန်တယ်...

"Gomawo Aboji ကျွန်တော်အခုလိုတော်တာ Aboji ရဲ့ မြေတောင်မြှောက်ပေးမှုကြောင့်ပါ"

အမှန်တော့ Park Yuchun ဆိုတာ Mr.Kim ရဲ့ မွေးစားသားပါ... သူ့ရဲ့မိဘတွေ ဆုံးပါးသွားပြီးနောက် အသက်10နှစ်သာသာရှိသေးတဲ့ Yuchun ကို Mr.Kim က ခေါ်ယူမွေးစားခဲ့တယ်လေ... အရင်ကလဲ Yuchun အဖေက Mr.Kim ရဲ့ကုမ္မဏီမှာ ရှယ်ယာပါဝင်ဖူးတဲ့သူတယောက်ပါ...

အသက်ငယ်သေးတဲ့အပြင် ဆွေမျိုးရင်းချာလဲမရှိတဲ့ Yuchun ကို Mr.Kim ခေါ်ယူမွေးစားတာ သူ့ရဲ့မိတဆိုးသားလေး အဖော်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လဲပါတာပေါ့... Yuchun ထက် 5နှစ်ကျော်လောက်ငယ်တဲ့ သူ့ရဲ့တဦးတည်းသောသားလေးက အရမ်းကိုအဖော်မင်လွန်းတယ်လေ...

"APPA....!!!!"

သူ့အကြောင်းစဉ်းစားနေတုန်းရှိသေး ရုံးခန်းထဲတံခါးလဲမခေါက် ခွင့်လဲမတောင်းပဲ ၀င်လာတဲ့သူ့ရဲ့အချစ်ဆုံးသား Kim Jaejoong...

REVENGE [Completed]Where stories live. Discover now