Part 30

1.7K 178 41
                                    

(Zawgyi)

"Appa ဟိုမှာနေရတာ အဆင်ရောပြေရဲ့လား...??
နည်းနည်းတောင်ပိန်သွားသလိုပဲနော်"

အိမ်ပြန်ရောက်တာနဲ့ ပျာပျာသလဲမေးရှာတဲ့ သားဖြစ်သူကို Dr. Kim ချစ်မြတ်နိုးစွာကြည့်နေမိတယ်... ဒီကလေးဘဝက ကြေကွဲဝမ်းနည်းစရာ ကောင်းလှပေမယ့်လဲ သူ့ဘာသာပျော်ပျော်နေဖို့ ကြိုးစားနေတာပါပဲ... Dr. Kim ဒီ့ထပ်ပိုပြီး တကိုယ်ကောင်းမဆန်ချင်တော့ပါ...

"Appa ရော့ အအေးသောက်ဦး.. ဒီနေ့ညစာကို Suuie ချက်ပေးမယ်... သိပ်မကောင်းလဲ စားမယ်မလားဟင်..??"

သူ့ကိုယ်သူတောင် Suuie ရယ်လို့ သုံးနှုန်းနေတတ်တဲ့ကလေး... သူ့အမြင်မှာတော့ကိုယ်က သားသေဆုံးသွားတဲ့အတွက် စိတ်ထိခိုက်နေတဲ့ ဖခင်တယောက်ပေါ့... သူ့ကိုတောင် ကိုယ့်သားအဖြစ်ထင်ယောင်ထင်မှား ဖြစ်နေတယ်ဆိုပြီး တွေးနေရှာမှာပေါ့လေ...

"သား Jaejoong ahhh"

သူ့မျက်နှာမှာအံ့ဩခြင်း မယုံကြည်နိုင်ခြင်းတွေနဲ့ ပြည့်နှက်လို့နေရင်း ကိုယ့်ကိုလှည့်ကြည့်လာတယ်... သူဘယ်ထင်ထားမလဲ...?? ကိုယ်ကသူ့ကို Junsu လို့သာ သတ်မှတ်ထားတယ်လို့ ထင်နေမှာပေါ့..

"Appa... ဘယ်လိုဖြစ်ပြီး..."

"Miyahae... Appa သိနေရက်နဲ့ မသိချင်ယောင် ဆောင်နေမိတာပါ... သားရဲ့ဘဝအမှန်ကိုပြန်သွားရင် Appa ကို တယောက်တည်း ထားသွားမှာစိုးလို့ပါ"

ရှေ့မှာဒူးထောက်ကာထိုင်ချလာတဲ့ Jaejoong ကို Dr. Kim ပွေ့ဖက်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်တယ်... သူတသိမ့်သိမ့် ရှိုက်ငိုနေတာကြောင့် ကိုယ်လေးက တဆတ်ဆတ်တုန်နေခဲ့တယ်...

"ဘာလို့ထားခဲ့ရမှာလဲ...?? ကျွန်တော့်မှာ Appa ပဲရှိတာလေ... Appa က ကျွန်တော့်ရဲ့အသက်သခင် ကျေးဇူးရှင်လဲဖြစ်တာပဲ... ပြီးတော့ Appa ကို တကယ်ပဲ ကိုယ့်အဖေအရင်းလို သဘောထားပြီးသားပါ"

Dr. Kim ခေါင်းတဆတ်ဆတ်ညိတ်ရင်း Jaejoong ဆံပင်လေးတွေကို ခပ်ဖွဖွနမ်းလိုက်တယ်... စိတ်ထားဖြူစင်လွန်းတဲ့ ကလေးလေးပါလား... သူ့မျက်နှာအမှန် ပျောက်ဆုံးသွားတဲ့အတွက်လဲ ကိုယ့်ကိုအပြစ်တင်တာမျိုး မလုပ်ဘူးလေ...

REVENGE [Completed]Where stories live. Discover now