Part 18

1.4K 140 27
                                    

(Zawgyi)

သူ့ဘာသာအလုပ်လုပ်နေတဲ့ Yuchun ကို ခိုးခိုးကြည့်နေရတဲ့ Jaejoong ရဲ့အဖြစ်က အလုပ်ရှင်အရိပ်အကဲကို ကြည့်နေရတဲ့ အလုပ်သမားပုံစံဖြစ်နေပြီ...

Yuchun... သူအရမ်းတည်ငြိမ်လွန်းတယ်...
ဘာပြဿနာမှမဖြစ်ထားသလိုလဲ နေနိုင်တယ်လေ..
Jaejoong မှာသာ သူနဲ့တွေ့ရင်ပြောရမယ့် စကားတွေကိုစာစီရင်း တညလုံးအိပ်မပျော်ခဲ့... တကယ်တမ်းတွေ့ပြန်တော့လဲ ခပ်တည်တည်ကြီးနေနေတဲ့ Yuchun ကြောင့် ဘာစကားမှစမပြောရဲပေ...

"နေ့လည်စာသွားစားကြရအောင် Jaejoong"

Yuchun ကိုခိုးကြည့်နေရာမှ အနောက်ကနေ ရောက်လာတဲ့ Yunho ကြောင့် Jaejoong လန့်သွားရတယ်... Yunho ကလဲ သူ့အဖြစ်ကို ရိပ်စားမိနေတယ်...

"Mr. Park နေ့လည်စာအတူစားရအောင်"

Jaejoong ကိုယ်စား Yunho ကပဲ အလိုက်တသိနဲ့ Yuchun ကိုလှမ်းခေါ်လိုက်တယ်... ထိုအခါ Jaejoong က ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ မော့ကြည့်လာတယ်...

"ငါမစားချင်သေးဘူး.. ပြီးတော့ Minnie က နေ့လည်စာအတွက် ထမင်းဘူးထည့်ပေးလိုက်တယ်"

ကွက်ခနဲမျက်နှာပျက်သွားတဲ့ Jaejoong...
Yunho ကသာ အားနာနေတာ Yuchun ကတော့ အလုပ်လုပ်နေရာကနေ မော့တောင်ကြည့်မလာခဲ့... Yunho လဲ ဘာဆက်ပြောရမှန်းမသိတာကြောင့် Jaejoong ကိုကြည့်မိတော့ သူ့မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်နေပြီလေ...

"သွားရအောင် Jaejoong"

Yunho အခြေအနေမကောင်းတာကို နားလည်တာကြောင့် Jaejoong ကို ဆွဲခေါ်ဖို့လုပ်ပေမယ့် Jaejoong က သူ့လက်ကနေ ရုန်းထွက်ကာ ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်တယ်...

"အဲ့လောက်ထိလုပ်ဖို့လုပ်ဖို့လိုလို့လား ကိုကို... Joongie ဘက်ကို နည်းနည်းလေးတောင် ငဲ့မကြည့်တော့ဘူးလား...??"

"Jaejoong....!!!"

Yunho တားဖို့လုပ်ပေမယ့် Jaejoong က သူ့လက်ကို ပုတ်ထုတ်လိုက်လေတယ်... သူ့မှာတော့ Yuchun နဲ့ တွေ့ချင်လွန်းလို့ ကိုယ့်ရုံးခန်းမှာတောင် အလုပ်မလုပ်နိုင်ပဲ မျက်နှာပြောင်တိုက်ကာ သူ့ရုံးခန်းထဲမှာ တမနက်လုံးနေနေတာ... သူကတော့ကိုယ့်ကို တချက်လေးတောင်အဖက်မလုပ်...

REVENGE [Completed]Dove le storie prendono vita. Scoprilo ora