Part 25

1.5K 168 39
                                    

(Zawgyi)

Dr. Kim သူ့ရှေ့မှာထမင်းစားနေတဲ့ သားဖြစ်သူကို ငေးကြည့်နေမိတယ်... ချစ်စရာအမူအယာလေးများနဲ့ သူ့ရဲ့သားလေးကို တနေ့နေ့တချိန်ချိန်မှာ သူ့ကိုထားပြီး ထွက်သွားလိမ့်မယ်လို့ တွေးတောင်မတွေးရဲခဲ့ပါ...

အခုလောလောဆယ်ကတော့ သူကိုယ်တိုင်ကလဲ ကိုယ့်ကိုသံယောဇဉ်တွယ်နေပုံရပါတယ်.... ဒါပေမယ့်လဲ ကံကြမ္မာကိုကြောက်ရတယ်လေ... ကိုယ်ကသားမဟုတ်တာ သိသိရက်နဲ့ သူ့ကိုအခုလိုလုပ်လိုက်တာများ သိသွားခဲ့လို့ရှိရင် ကိုယ့်ကိုဘယ်လောက်တောင် စိတ်ဆိုးလိုက်မလဲ....??

"Appa ထမင်းစားလေ... စားမကောင်းလို့လား..??"

ထမင်းစားနေရင်းလှမ်းပြောတဲ့ Jaejoong ကြောင့် Dr. Kim ငေးမောနေရာကနေ သတိဝင်လာတယ်... ပါးစပ်မှာတူကိုကိုက်ထားရင်း မျက်လုံးဝိုင်းလေးနဲ့ ကိုယ့်ကိုငေးကြည့်နေတဲ့ Jaejoong လေးက အရမ်းကိုချစ်စရာကောင်းနေပြန်တယ်... သားဖြစ်သူ Junsu ရဲ့မျက်နှာနဲ့ပေမယ့် သူ့ရဲ့အပြုအမူလေးတွေက ကလေးဆန်လွန်းလှတယ်...

"Appa နည်းနည်းရင်ပြည့်နေလို့ပါ"

Dr. Kim ဖြေလိုက်တော့ Jaejoong သက်ပြင်းဖွဖွချလိုက်ရင်း ဟင်းတွေကို Dr. Kim ရဲ့ ပန်းကန်ထဲ ထည့်ပေးနေလိုက်တယ်...

"မစားလို့ဘယ်ဖြစ်မလဲ Appa ရဲ့.. တော်ကြာနေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ...?? ထမင်းများများစား ကျန်းမာအောင်နေ.. Suuie လဲ Appa နဲ့ အချိန်အကြာကြီး ထပ်နေချင်သေးတယ်"

စကားတတ်လွန်းသူလေးကြောင့် Dr. Kim မနေနိုင်ပဲ ရယ်မောမိပြန်တယ်... သူ့အလိုကျအတိုင်း ထမင်းစားပြလိုက်တော့မှ မျက်နှာလေးက ပြုံးသွားပြန်တယ်လေ....

သားအဖနှစ်ယောက် ထမင်းအတူတူစားနေရင်းမှ Dr. Kim တစုံတရာကို သတိရသွားတာကြောင့် စားနေရာကနေ ရပ်တန့်သွားပြန်တယ်... Jaejoong ကလဲ သတိထားမိသလိုမျိုး ဆတ်ခနဲမော့ကြည့်လေတယ်....

"Appa ဘာဖြစ်လို့လဲဟင်...??"

"အင်း... Appa ခုမှသတိရတယ်... Appa နောက်လထဲမှာ နယ်ဘက်ကိုလုပ်အားပေး ဆရာဝန်အဖြစ် သွားရလိမ့်မယ်... ၂လလောက်ကြာမယ်... အဲဒါ သားရောလိုက်ခဲ့မလား...??"

REVENGE [Completed]Where stories live. Discover now