Part 31

1.5K 156 27
                                    

(Zawgyi)

"ဘာလို့ငါ့ကိုဖုံးကွယ်ထားတာလဲ..??
ငါကမယုံကြည်စရာကောင်းတဲ့လူမျိုးမို့လို့လား...??"

"Yunho ရာ အဲလိုမဟုတ်ပါဘူး... ငါလေ... ငါ.."

Yunho သူ့ရှေ့က Junsu တဖြစ်လဲ Jaejoong ကိုပဲ နာကျင်စွာနဲ့ စိုက်ကြည့်နေမိတယ်... စိတ်နာမိချင်ပေမယ့်လဲ သူကကိုယ်အရမ်းချစ်ရတဲ့သူ... Junsu အဖြစ်နဲ့ရော Jaejoong အဖြစ်နဲ့ရော ကိုယ့်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ တဦးတည်းသောလူသား...

အခုတော့ဘယ်လိုဖြေရှင်းချက်မျိုး ပေးရမလဲဆိုတာကို အခက်တွေ့နေရင်း နှုတ်ခမ်းလေးကိုက်ကာ စဉ်းစားနေတဲ့ပုံလေးက သနားချစ်ခင်စရာ ကောင်းနေပြန်တယ်လေ...

"ငါပြောပြချင်ပါတယ်... Jaejoong ကိုပဲ သတိရနေတဲ့မင်းကို ငါက Jaejoong ပါလို့ပြောရင် ငါ့ကိုလူလိမ်ထင်ပြီး စိတ်ဆိုးမှာစိုးလို့ပါ... ပြီးတော့ ငါကြောက်လို့ပါ"

အမှန်ဆိုသူ့ဘက်ကနေ သူ Jaejoong အစစ်အမှန်ဆိုတာ သက်သေတချို့ပြနိုင်ရင်ပဲ ကိုယ်ကနားလည်ခွင့်လွှတ်ပေးမှာပါ... အခုတော့သူ့ကိုယ်သူ Kim Junsu ရယ်လို့ သုံးနှုန်းသတ်မှတ်ပြီးတော့ အလုပ်လျှောက်တဲ့ CV form ကအစ Junsu ဆိုတဲ့ နာမည်တွေနဲ့...

၂ယောက်သား ရင်းနှီးလာပြီးနောက်ပိုင်း သူ့မှာပြောပြဖို့အခွင့်အရေးတွေ ရှိပါရက်နဲ့မပြောပြခဲ့... ကိုယ်တိုင်တောင်မှသူ့ကို Jaejoong နဲ့ တူလွန်းတယ်လို့ မြင်လာတာကို သူသာအမှန်အတိုင်းဖွင့်ပြောခဲ့ရင် ပိုမကောင်းဘူးလား...?? အခုတော့ အမှတ်မထင်ပဲ အမှန်တရားက လုံးလုံးလျားလျားကြီး ပေါ်လာတဲ့အဖြစ်...

"တော်ပြီ Junsu... မဟုတ်သေးဘူး Jaejoong လား... ငါမင်းကိုဘယ်လိုခေါ်ရမှန်းတောင် မသိတော့ဘူး... မင်းကငါ့ကိုအစတည်းက အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် မသတ်မှတ်ခဲ့ဘူး... အခုငါတို့ချစ်သူတွေ ဖြစ်လာကြတာလဲ မင်းဘေးမှာငါက အမြဲရှိနေပေးလို့မလား...?? Park Yuchun ကို ကလဲ့စားချေဖို့အတွက် ငါ့ကိုအသုံးချနေတာမလား...??"

"မဟုတ်ဘူး... ငါလေ မင်းကိုတကယ်ချစ်သွားတာပါ... ရွေးချယ်မှုမှားခဲ့တဲ့ ငါ့ကိုယ်ငါတောင် မုန်းတီးမိတဲ့အထိ မင်းကိုချစ်တာပါ... ငါ့ကိုယုံပါ Yunho"

REVENGE [Completed]Tempat cerita menjadi hidup. Temukan sekarang